"ဘယ်လို ဘယ်လို.."
အမလေး .. ဒါမျိုးတော့ဘယ်အဖြစ်ခံလို့ရမလဲ လုံးဝပဲ။
ဖုန်းနဲ့သတင်းပေးလာသော နမ်ဂျောင်ဆိုသည့်သူဌေး
သမီးကို ကျေးဇူးတင်ကြောင်းကပျာကယာပြောပြီး
ဖုန်းကိုအမြန်ချရသည်..။ဖုန်းကိုအမြန်မချလို့လဲမဖြစ် အဲ့ဒီတစ်ယောက်ကကိုယ့်ကို
စားမလိုဝါးမလိုနီးနီးကိုဖြစ်နေတာမှ ဖုန်းပြောရင်းတောင်
ကျောချမ်းရတဲ့အမျိုး..။ဒါပေမဲ့လည်း သူ့ကိုဒီတစ်ခါတော့ Sehunကျေးဇူး
တကယ်တင်သည်။သူပြောပြလို့ပဲ ဟိုဘက်ကမေခြောက်ဖုန်ရဲ့ခြေလှမ်းကို
သိလိုက်ရတာ..။Sehunကချက်ချင်းပဲSemi Noonaဆီဖုန်းခေါ်
လိုက်သည်..။"အင်း ..Noona ကျွန်တော့်ကိုဒါလေးလုပ်ပေးဦး.."
"ဒါဆို ကျွန်တော်Suho Hyungကိုလွှတ်လိုက်
မယ် ..အိုခေ Noonaကျေးဇူးပဲ.."ဖုန်းကိုဝှီးခနဲ အိပ်ယာပေါ်ပစ်တင်လိုက်ရင်းSehunက
နတ်ဆရာမတွေလိုမျိုး ကိုယ်ကိုဆတ်ဆတ် ဆတ်ဆတ်
နဲ့ခါတွန့်ကာ လှည့်ပတ်ကလိုက်၏..။ကနေရင်းတန်းလန်းမှ Sehunတစ်ယောက်စိတ်ကူးရ
သွားကာ ..ပိုပြီးအကကိုလေးနက်စေဖို့ လျှော်ရမည့်ပုံးထဲထည့်ထား
သည့်အိပ်ယာခင်းအပါးကို ပြေးယူကာခေါင်းမှာပါ ပတ်
လိုက်ပြီး မှန်ရှေ့မှာသွားရပ်လိုက်၏..။ပြီး ခုနကအတိုင်း ဆတ်ခါတွန့် ဆတ်ခါတွန့်လုပ်လိုက်
တော့ နောက်ကအိပ်ယာခင်းစကလဲတုန်ခနဲတုန်ခနဲ။ဟေးဟေး ..အကအသစ်ရပြီ။
ဒါပဲလေ ပါရမီရှင်တွေဆိုတာ အလကားနေရင်းထက
တာတောင် အနှစ်ဖြစ်မယ့်ကကွက်တွေထွက်လာတာ။Sehunကနေပေမဲ့ ပညာကမနေဘူးဆိုတာ ဒါမျိုး။
"အဲ ဟုတ်သား မေ့တော့မှာ.."