ငါအကြိမ်ကြိမ်အခါခါစော်ကားခဲ့ဖူးတဲ့
သူ့အချစ်ကိုတချိန်တည်းမှာပဲ
ငါတန်ဖိုးထားတတ်တယ်ငါအကြိမ်ကြိမ်အခါခါဖယ်ထုတ်ခဲ့ဖူးတဲ့
သူ့လက်ဖဝါးကိုတချိန်တည်းမှာပဲ
ငါအမိအရဖမ်းဆုပ်ချင်ခဲ့တယ်ငါအကြိမ်ကြိမ်အခါခါစကားလုံးလေးတွေနဲ့
သူ့ကိုအရူးလုပ်ဖူးပေမဲ့တချိန်တည်းမှာပဲ
သူ့မြတ်နိုးမှုတွေကြားထဲငါပျော်မြူးခဲ့ဖူးတယ်ငါအကြိမ်ကြိမ်အခါခါမုန်းတယ်ပြောခဲ့ပေမဲ့
တချိန်တည်းမှာပဲ
မင်းကို ရူးလောက်အောင် ချစ်တယ်မင်းကငါအတွက်ဘာလဲ
ငါကိုယ်တိုင်မသိချင်ခဲ့ပေမဲ့
မင်းကငါ့လက်တွဲဖော်ဖြစ်ခဲ့တယ်
မင်းတောင်သိခွင့်မရှိခဲ့ပါပဲ.......ငါရူးတယ်ချစ်သူ ~_~
***********************
"ကျွန်တော့်ကို ခွဲမသွားပါနဲ့နော် "
တောင်းပန်တိုးလျစွာပြောနေတဲ့ကောင်လေးရဲ့
စကားကို ငါဟားတိုက်ရယ်မောခဲ့တယ်မျက်နှာငယ်နဲ့ကြည့်နေတဲ့ကောင်လေးကို
စကားလုံးနဲ့ထပ်သတ်ခဲ့ပြန်တယ်" ခွဲမသွားနဲ့လို့ပြောရအောင်
ဘယ်တုန်းကနီးစပ်ခဲ့လို့လဲ အရူးပဲ နင်က "ပြောပြီးလှည့်ထွက်ခဲ့ပေမဲ့
ငါကိုယ်တိုင်လဲမင်းနဲ့မဝေးချင်ခဲ့ဘူးကောင်လေးရယ်ငါရူးတယ်ချစ်သူ ~_~
**********************
" နင်ဘယ်လိုလုပ်မှာလဲ
အာ့ကောင်လေးကို ဒီတိုင်းပဲ လွှတ်ထားမှာလား "မေးလာတဲ့သူငယ်ချင်းရဲ့စကားကို အလိမ်အညာတွေနဲ့
ချက်ချင်းပဲ ဖုံးကွယ်လိုက်တယ်" ငါကဘာလုပ်လို့ရမှာလဲ အာ့အရူးက
ို အဓိပ္ပာယ်မရှိတာတွေ လာလုပ်နေတာ
အပိုအလုပ်တွေ "ချက်ချင်းဆိုသလိုကောင်လေးရဲ့
သွေးထွက်နေတဲ့ လက်ကို မြင်ယောင်လာတယ်