ဒီနေ့မှ ထူးထူးခြားခြား
ငါသိပ်လွမ်းတယ် ......အချစ်ဦးကိုရော မင်းကိုရော ...
မင်းကြောင့်နာကျင်ရတာက သူ့ကိုပိုသတိရစေတယ်
ပထမဆုံးရက်
သူစာမပို့တဲ့ ပထမဆုံးရက်
တကယ်ပဲ ပြောင်းလဲတော့မယ်နဲ့တူတယ်
ဒီနေ့ကအစပြုပြီးတော့
ငါ့ကိုမေ့ဖို့
ငါ့ကိုမေ့နိုင်တယ်ဆိုတဲ့ အရာသေးသေးလေး
အပ်ကြောင်းပေါ်ခဲ့ပြီ
ငါနားလည်ပါတယ်
ဒါကငါ့ကိုမေ့ဖို့ အစပြုပြီဆိုတာ
ငါသိပ်နားလည်လွယ်ခဲ့တာ ....