My boy

157 3 2
                                    

ငါအကြိမ်​ကြိမ်​အခါခါ​စော်​ကားခဲ့ဖူးတဲ့
သူ့အချစ်​ကိုတချိန်​တည်းမှာပဲ
ငါတန်​ဖိုးထားတတ်​တယ်

ငါအကြိမ်​ကြိမ်​အခါခါဖယ်​ထုတ်​ခဲ့ဖူးတဲ့
သူ့လက်​ဖဝါးကိုတချိန်​တည်းမှာပဲ
ငါအမိအရဖမ်းဆုပ်​ချင်​ခဲ့တယ်

ငါအကြိမ်​ကြိမ်​အခါခါစကားလုံး​လေး​တွေနဲ့
သူ့ကိုအရူးလုပ်​ဖူး​ပေမဲ့တချိန်​တည်းမှာပဲ
သူ့မြတ်​နိုးမှု​တွေကြားထဲငါ​ပျော်​မြူးခဲ့ဖူးတယ်

ငါအကြိမ်​ကြိမ်​အခါခါမုန်းတယ်​​ပြောခဲ့​ပေမဲ့
တချိန်​တည်းမှာပဲ
မင်းကို ရူး​လောက်​​အောင်​ ချစ်​တယ်

မင်းကငါအတွက်​ဘာလဲ
ငါကိုယ်​တိုင်​မသိချင်​ခဲ့​ပေမဲ့
မင်းကငါ့လက်​တွဲ​ဖော်​ဖြစ်​ခဲ့တယ်
မင်း​တောင်​သိခွင့်​မရှိခဲ့ပါပဲ.......

ငါရူးတယ်​ချစ်​သူ ~_~

***********************

"ကျွန်​​တော့်​ကို ခွဲမသွားပါနဲ့​နော်​ "

တောင်းပန်​တိုးလျစွာ​ပြော​နေတဲ့​ကောင်​​လေးရဲ့
စကားကို ငါဟားတိုက်​ရယ်​​မောခဲ့တယ်

မျက်​နှာငယ်​နဲ့ကြည့်​​နေတဲ့​ကောင်​​လေးကို
စကားလုံးနဲ့ထပ်​သတ်​ခဲ့ပြန်​တယ်

" ခွဲမသွားနဲ့လို့​ပြောရ​အောင်
ဘယ်​တုန်းကနီးစပ်​ခဲ့လို့လဲ အရူးပဲ နင်​က "

ပြောပြီးလှည့်​ထွက်​ခဲ့​ပေမဲ့
ငါကိုယ်​တိုင်​လဲမင်းနဲ့မ​ဝေးချင်​ခဲ့ဘူး​ကောင်​​လေးရယ်

ငါရူးတယ်​ချစ်​သူ ~_~

**********************

" နင်​ဘယ်​လိုလုပ်​မှာလဲ
အာ့​ကောင်​​လေးကို ဒီတိုင်းပဲ လွှတ်​ထားမှာလား "

မေးလာတဲ့သူငယ်​ချင်းရဲ့စကားကို အလိမ်​အညာ​တွေနဲ့
ချက်​ချင်းပဲ ဖုံးကွယ်​လိုက်​တယ်

" ငါကဘာလုပ်​လို့ရမှာလဲ အာ့အရူးက
ို အဓိပ္ပာယ်​မရှိတာ​တွေ လာလုပ်​​နေတာ
အပိုအလုပ်​​တွေ "

ချက်​ချင်းဆိုသလို​ကောင်​​လေးရဲ့
သွေးထွက်​​နေတဲ့ လက်​​ကို မြင်​​ယောင်​လာတယ်

My BoyWhere stories live. Discover now