အချစ်​ဆုံး

9 2 0
                                    

အချစ်​တတ်​ဆုံး​သော အချစ်​နဲ့ မင်းကို
ငါသိပ်​ချစ်​ခဲ့တာ

ဒါ​ပေမဲ့ အချစ်​မှာလဲ အကန့်​အသတ်​တစ်​ခုနဲ့ပဲ

အကန့်​အသတ်​တစ်​ခုထက်​ပိုသွားတဲ့ အခါ

ငါစွန့်​လွှတ်​ဖို့ ကြိုးစားမိလိမ့်​မယ်

သိပ်​ချစ်​​ရက်​နဲ့​ပေါ့ .....

**************

မင်းသိပ်​​ကြောက်​တဲ့ပတ်​ဝန်းကျင်​ကို
ငါလဲ သိပ်​​ကြောက်​တယ်
ဒါ​ပေမဲ့ မင်းအတွက်​ ရင်​ဆိုင်​နိုင်​တယ်
ငါဆုပ်​ကို​င်​ခွင့်​ ရှိမဲ့ မင်းလက်​တစ်​စုံသာ ရှိရင်​​ပေါ့....

ငါမှားသွားတာ တစ်​ခုက

ငါ့အတွက်​နဲ့​တော့ မင်းရင်​မဆိုင်​နိုင်​တာကို
ငါထည့်​မတွက်​ခဲ့မိတာ

***************

စိတ်​မပူနဲ့ချစ်​သူ

မင်းလက်​တွဲ မဝင်​ရဲတဲ့ ပတ်​ဝန်းကျင်​ထဲ
ငါမပါ​စေရဘူး

မင်းထားရာ ​နေရာမှာ ငါ​နေခဲ့မှာ.....

*******

မင်းအနားက ထွက်​သွားဖို့မဆုံးဖြတ်​ရဲလို့
တတ်​နိုင်​သမျှ ငါဖမ်းဆွဲခဲ့တယ်

ရင်​နာစရာက မင်းအကြိမ်​ကြိမ်​ လွှတ်​ချခဲ့တာ
ငါ့လက်​တစ်​စုံလို့ ထင်​​နေ​ပေမဲ့

ငါ့မာန ငါ့သိက္ခာ ငါ့အချစ်​ အစုံစုံ ဖြစ်​​နေခဲ့တာ.....

ငါပြတ်​သားပြီ ငါ့အချစ်​  ....

************

ငါထားခဲ့မှ ရင်​မနာနဲ့ ချစ်​သူ

ငါအပြုံးတစ်​ပွင့်​နဲ့ မင်းကို အသက်​သာဆုံးလမ်းခွဲခဲ့တာပါ

မင်းပတ်​ဝန်းကျင်​မှာသာ မင်း​ပျော်​ရစ်​ပါ ...

***********

My BoyWhere stories live. Discover now