" Give your last breath to the world.
Then I'll recreate you as mine. "• Episode 7 •
Revengeတစ်ယောက်တည်း ပိုင်စိုးပိုင်နင်း နားထောင်ရတဲ့ သူ့ရဲ့ နွမ်းလျလျ ဝင်သက်ထွက်သက်များဟာ သိပ်ကို ဆွေးမြေ့ဖွယ် ကောင်းလွန်းတယ်။
ဖြူဖျော့ဖျော့ အဲ့ဒီ နှုတ်ခမ်း။
ကုတင်ပေါ် ချိနဲ့စွာ လှဲလျောင်းရင်း ခပ်သာသာ မှိတ်စက်ထားတဲ့ မျက်ဝန်းတွေ။
နဖူးထက်က ဆံပင်အဖျားစ တစ်ချို့ကို မထိမထိ ပွတ်သတ်ပေးမိတော့ တကယ်တမ်း အိပ်မောကျမနေတဲ့ သူဟာ မသတီစွာ မျက်မှောင် တွန့်ချိုးရင်း တစ်ဖက်ခြမ်းသို့ ဦးခေါင်းလှည့် တိမ်းရှောင်သွားရဲ့။
" ..... နင် ငါ့ကို အရမ်း မုန်းတယ် မှတ်လား "
တစ်ဖက် လှည့်ကာ မျက်ဝန်းတွေ ကျစ်ကျစ်ပါအောင် မှိတ်စက်ထားသည့် သူဟာတော့ သူမ ပါးပြင်ပေါ် ဖြောက်ခနဲ ကြွေကျလာသော မျက်ရည်စများကို မြင်ယောင်နိုင်လိမ့်မယ် မထင်။
" ကတိပေးတယ် .. နောက်လည်း နင် ငါ့ကို ဒီနည်းအတိုင်းပဲ အမြဲတမ်း မုန်းနေရဦးမှာ "
" ..... "
ရက်စက်လွန်းသည့် အပြစ်ဒဏ်တစ်ခု၏ ပျောက်ဆုံးနေသော ရည်ရွယ်ချက်အား ကောင်လေးဟာ ဤ ဆယ့်ငါးနှစ်လုံးလုံး တစ်ကြိမ်တစ်ခါမှ သိချင်ဇောဖြင့် ထုတ်မေးမလာခဲ့ဖူး။
ကောင်လေးတွင် မှတ်ဉာဏ်တွေ မရှိ။
ထို့အတူ ပြန်လည် ရှာဖွေဖို့ နည်းလမ်း ဟူ၍လည်း သူမက တစ်ကြိမ်တစ်ခါမှ စေတနာ ရင့်သန်စွာ ပြောမပြခဲ့ဖူး။ပြတင်းပေါက်အပြင်ကနေ အခန်းတွင်းသို့ လေပြည်တွေ သိမ်မွေ့စွာ တိုးဝင်လာသည့်အခါ နံရံစွန်းတွင် ချိတ်ဆွဲထားတဲ့ အဖြူရောင် Dream Catcher လေးက ရွှင်ရွှင်မြူးမြူးဖြင့် လှုပ်လီလှုပ်လဲ့ ကခုန်လို့။
" ဒီနေ့ မိုးရွာထဲမှာ မမြင်မကန်းနဲ့ လျှောက်သွားထားရတော့ ပင်ပန်းနေရောပေါ့ ...
နည်းနည်းလောက် ထပ် အိပ်လိုက်ဦး "
YOU ARE READING
A Fairytale Never Told (Completed)
RomanceGive your last breath to the world, then I'll recreate you as mine .