"You're my first and also the last."
•Episode 15•
The warmth of youဒီအတိုင်း ခဏလောက် ဖက်ထားချင်ခဲ့တာ။
ဘယ်သူ တစ်ဦးတစ်ယောက်ရဲ့ စူးစူးစမ်းစမ်း အကြည့်တွေကိုမှ ဂရုထားမနေဘဲ။
ဘာဘာညာညာ စကားတစ်ခွန်းတစ်လေမှလည်း ထုတ်မပြောဘဲ။ပြိုင်တူ ဟစ်အော်နေတဲ့ စည်းချက်ညီညီ နှလုံးခုန်သံနှစ်ခုကိုပဲ အမြတ်တနိုး နားစွင့်ထောင်ရင်း။
ဒီအတိုင်း ခဏလောက် တင်းတင်းကြပ်ကြပ် ထွေးပွေ့ထားချင်ခဲ့တာ။
လေဟာနယ်ထု ကစားကွင်းပြင်ကြီးပေါ် လေပြည်နုနုတစ်ချို့ ခုန်ပေါက်ပြေးလွှားလာကြတယ်။
သူ့အပါးကနေ အဝေးဆီ လွင့်ထွက်သွားဖို့ ဟန်ပြင်ရှာသော ကျွန်မ ဆံနွယ်တွေကို လက်တစ်ဖက်နဲ့ သိမ်းယူပြီး သူ့လည်ဂုတ်ထက် ဖက်တွယ်ထားသည့် ကျွန်မလက်မောင်းတစ်စုံအား သူ သတိတရ ထိကိုင်တယ်။ လူလယ်ခေါင်ကြီးမှာ ဖြစ်လို့ ရှက်ကိုးရှက်ကန်းနိုင်စွာ ပြုံးလိုက်သလား။ ဒါမှမဟုတ် တကယ် သဘောကျလို့ပဲ သူ့နှုတ်ခမ်းတွေ ဖျတ်ခနဲ ကော့ညွတ်သွားကြသလား မသိ။
"သတိရနေတာ"
တကယ့်အဆုံးသတ်တွေက ပျော်ရွှင်စရာ ကောင်းမကောင်း ကျွန်မ စိတ်မဝင်စားဘူး။
သူ အခုလို ကျွန်မ အနားမှာ ရှိနေချိန်တိုင်း....
သူ့အပြုံးတွေကို မျက်ဝါးထင်ထင် မြင်တွေ့နေရချိန်တိုင်း....
အဲ့ဒါဟာ ကျွန်မအတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ ပျော်ရွှင်စရာ အဆုံးသတ်တွေပဲ။
"မနေ့ညကအထိ အိမ်မှာပဲ အိပ်ခဲ့တာကိုရော"
ကျွန်မနှာဖျားကို လက်ညှိုးနဲ့ တို့ထိရင်း မျက်လုံးလေး ဖွဖွမှေး၊ ကလေးလေးတစ်ယောက်ကို စနောက်သလိုမျိုး သူ ဆိုတယ်။
ဘယ်အချိန် မှီခိုပါစေ၊ ဤ ရင်ခွင်ကျယ်တစ်စုံဟာ အေးစက်နေတဲ့ နှလုံးသားကို ကုစားပေးဖို့ အချိန်တိုင်း နွေးထွေးလို့ နေနှင့်ပြီးသား။
YOU ARE READING
A Fairytale Never Told (Completed)
RomanceGive your last breath to the world, then I'll recreate you as mine .