22. Last Letter

1.7K 136 13
                                    

"We all are bad in someone's story."

•Episode 22•
The first, but the last

(Special Extra)


တစ်စုံတစ်ယောက်ရဲ့ ဇာတ်လမ်းလေး Happy Ending နဲ့ အဆုံးသတ်နိုင်ဖို့အတွက်ဆိုရင် နောက်ထပ် တစ်စုံတစ်ယောက်က သေချာပေါက် Sad Ending တစ်ခုကို ရွေးချယ်ပေးမှ ရလိမ့်မယ်။
ကိုယ့်ကိုကိုယ် အပျော်ရွှင်ဆုံးလို့ သတ်မှတ်ထားတဲ့ အဓိက ဇာတ်ကောင် ဆန်ဆန် လူသားတစ်ချို့ကတော့ ဒီ စတေးမှုတွေကို နည်းနည်းလေးမှ နားလည်နိုင်မှာ မဟုတ်ပေမယ့်ပေါ့။

Sung Jong လက်ကို တွဲပြီး ပန်းခြံထဲ လမ်းလျှောက် ထွက်လာတုန်းက ငါးပေါင်မုန့် မစားရလို့ လမ်းမ အလယ်ခေါင်မှာ ခြေဆောင့်ပြီး အော်ငိုနေတဲ့ ကလေးလေး တစ်ယောက်နဲ့ ငါ ဆုံခဲ့တယ်။
အဲ့ဒီ ကလေးရဲ့ မျက်ဝန်းတွေက အနက်ရောင်တွေ။ ပြီးတော့ တောက်ပတယ်။ မျက်ရည်တွေကြားထဲ ကူးခတ်နေရတဲ့ အခိုက်အတန့်မှာတောင် အဲ့ဒီ မျက်ဝန်းတွေက သိပ်ကို လှနေခဲ့မှန်း ငါ သတိထားခဲ့မိတယ်။

ကိုင်ထားတဲ့ ငါ့လက်ကို လွှတ်ပြီး Sung Jong က တစ်နေရာကို ပြေးထွက်သွားတယ်။ Sung Jong နောက်ကို ငါ အမြန် ပြေးလိုက်သွားတော့ "ငါးပေါင်မုန့် ငါးပေါင်မုန့်" လို့ အဆတ်မပြတ် ရေရွတ်ရင်း အော်ငိုနေတဲ့ ကလေးရဲ့ ရှေ့မှာ Sung Jong က ဒူးထောက် ထိုင်ချပြီး သူ့လက်ထဲက ချောကလက်နို့ဗူးလေးကို အဲ့ဒီကလေးဆီ ကမ်းပေးနေတာကို တွေ့လိုက်ရတယ်။

Woo Hyun ...။
နင် တိုက်ဆိုင်မှုတွေကို ယုံလား။

ငါတော့
တိုက်ဆိုင်မှုတွေကို မယုံဘူး။

ဟိုးအရင်ဘဝက ဆပ်ဖို့ ကျန်နေသေးတဲ့ ဝဋ်ကြွေးတွေကို ကြေအောင် ဆပ်ဖို့၊ ဒါမှမဟုတ်၊ ဒီဘဝမှာ ဝဋ်ကြွေးအသစ်တွေကို ထပ် ဖန်တီးပေးဖို့၊ လူတွေက တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံကြရတယ်လို့ ငါကတော့ ထင်တယ်။

ငါ နင့်ကို ပြောချင်တဲ့ စကားတွေ အများကြီး ရှိတယ်။
တစ်သက်လုံးလိုလို ငါ ပြောမယ်လို့ ပြင်ဆင်ပြီးမှ ပြောမထွက် ဖြစ်ခဲ့တဲ့ စကားတွေ။
တစ်ခါတစ်လေ မျက်လုံးထဲက တစ်ဆင့် ငါ အသည်းအသန် ပြောပြနေလည်း နင့်ဘက်က အမှတ်တမဲ့ကလေးတောင် မမြင်တွေ့နိုင်ခဲ့တဲ့ ကိုယ်ပျောက် စကားလုံးတွေပေါ့။

A Fairytale Never Told (Completed)Où les histoires vivent. Découvrez maintenant