"ကောင်လေး ဒီနေ့ မင်းဘေးအခန်းကို လူသစ်ပြောင်းလာမယ်နော် ဂရုစိုက်ပေးလိုက်ဦး "
ဂိတ်စောင့် ဦးလေးကြီးကလှမ်းပြောမှဘဲ လူသစ်ကိစ္စသတိရတော့တယ်
အမှန်က ကျွန်တော် လက်ရှိနေနေတာက သုံးထပ်တိုက်တန်းလျားလေး တစ်ယောက်တည်းအေးဆေးနေချင်လို့မှ တိုက်တန်းက အစွန်ဆုံးအခန်းမှာ တစ်ကိုယ်တည်းလာနေမိပါရဲ့ တိုက်ပိုင်ရှင်ကလဲ ကျွန်တော်မနေခင် အစကတော့ ကျွန်တော့်ဘေးခန်းကို လူမငှားပါဘူး သူ့ရဲ့ ပစ္စည်းလေးတွေပဲထားမှာပါတဲ့ ခုကျ ဘယ်လိုလူတွေလာနေမလဲ မသိဘူးဝတ်တရားအရ ဂိတ်စောင့်ကြီးစကားကို ပြုံးပြီး ခေါင်းညိတ်ရုံတော့လုပ်ခဲ့တယ်ထင်တာပဲ လူက တော့ နေထိုင်ရာ အပေါ်ဆုံးထပ်ကို တက်လာနေ နေ....tsk ...စပြီ စပြီ ဝရံတာမှာ ပစ္စည်းတွေအပြည့် ချထားတာ ကျွန်တော့်အခန်းဆီကို ဘယ်လိုသွားရပါတော့မလဲ
" ဟော ဟဲ.....အာ ...ဒီဘက်အခန်း 15 က အစ်ကိုကြီးထင်တယ်...ကျွန်တော်က 16 ကိုပြောင်းလာတဲ့ Do Kyungsoo ပါ ..တွေ့ရသာဝမ်းသာပါတယ် "
ရှပ်အင်္ကျီအဖြူပေါ်က ဆွယ်တာအပြာရောင်ကို လက်ပင့်ထားပြီး ဂျင်းဘောင်းဘီကိုဝတ်ဆင်ထားသည့်  မောနေသယောင်ထင်ရသော kyungsoo
အခန်းထဲကနေထွက်လာပြီး ကျွန်တော့်ကို မြင်တော့ ဝမ်းပန်းတသာ မိတ်ဆက်နေလေရဲ့ သူအဝေးကနေလှမ်းပေးတဲ့ လက်ကိုတော့ ကျွန်တော်မသိပြုပြီး
" အရေးကြီးတာက မင်းပစ္စည်းတွေကပိတ်ထားတော့ ငါက အခန်းထဲ ဘယ်လိုဝင်မလဲ "
ဒီတော့မှ သူ့ပစ္စည်းတွေကိုကြည့်ရင်း
" တောင်းပန်ပါတယ် ကျွန်တော်က ငယ်ငယ်ကတည်းက မိဘနဲ့နေလာပြီး ခုမှတစ်ယောက်တည်း စ နေရမှာဆိုတော့ အမေက စိတ်ပူပြီး အပြည့်အစုံထည့်.."
" မိနစ်၂၀ အတွင်း ဒီအထုပ်တွေကိုဖယ်ပေးပါ ခဏနေငါပြန်လာမယ် အဲ့ချိန်ကျ အိမ်ထဲဝင်ဖို့ အသင့်ဖြစ်နေရပါစေ "
" ဗျာ."
ပါးစပ်ကြီးအဟောင်းသားနဲ့ မျက်လုံးပြူးကြည့်နေတဲ့ သူ့ကိုကျောခိုင်းပြီး အောက်ထပ်ပြန်ဆင်းခဲ့လိုက်တယ် မိနစ်၂၀ကို ကော်ဖီဆိုင်မှာသွားဖြုန်းရမှာပေါ့ နှမြောဖို့ကောင်းလိုက်တဲ့ အချိန်တွေ