YOU

419 14 1
                                    

YOU
SheinHtet

အမှောင်ထုတွေနဲ့ မိုးသည်းသည်းတွေကြားထဲက ကျောပြင်တစ်ခု

ရင်းရင်းနှီးနှီးသိနေသလို

" ဘယ်သူလဲ "

ထိုလူသည် သူနှင့် မျက်နှာချင်းဆိုင်လာသည်

" ရှိန် "

သူလန့်နိုးခဲ့ရသည် သေချာတာတစ်ခုက ဆက်အိပ်လို့ရတော့မည်မဟုတ်

××××××××××××

မိုးလင်းတာနဲ့ တစ်နေရာကို သူဦးတည်ခဲ့သည်

ရှိန်??
ဟုတ်သည် သူ့နာမည်သည် ရှိန်
အရပ်အမြင့် ၆ပေ၃ခန့်ရှိသည် fashion model တွေလို လဲ ခန့်ညားတဲ့ ခန္ဓာကိုယ်ရှိသည် အထူးခြားဆုံးကတော့ သူ့မျက်နှာပေါက်ပင် အမေမြန်မာ အဖေကအင်္ဂလန်ဖြစ်သော်ငြား သူသည် နှာခေါင်းချွန်ချွန်နှင့် သွယ်လျတဲ့မေးရိုး နှုတ်ခမ်းပါးပါး တို့ကြောင့်  မြင်သူတိုင်းက  တိုင်းတစ်ပါးသားဟုသာ ထင်မှတ်ကြသည်

__ဆေးရုံမှာ ပထမဆုံး အလုပ်ဝင်တုန်းကလဲ ထိုနည်းလည်းကောင်းပင် အမေရိကမှာ ဘွဲ့ရပြီး ပြန်လာတဲ့အချိန်ဖြစ်တာကို အကြောင်းပြုကာ နိုင်ငံခြားကလာတဲ့ ဆရာဝန်ဟု အများက ထင်ကြေးပေးခဲ့ကြသည် ကြာလာမှသာ မြန်မာဟုလက်ခံကြတော့သည်

သူသည် ဆရာဝန်တစ်ယောက် ဖြစ်သည် သူ့သူငယ်ချင်း  သုတနှင့်အတူ မြန်မာပြည်ပြန်လာသည်မှာ ၆နှစ်တောင်ကျော်ခဲ့ပြီ  သူ့အသက်မှာလဲ ၃၂ကျော်လုပြီ  သန်ဘက်ခါဆိုရင်တော့ အမေရိကကို ပြောင်းရတော့မည် ဖြစ်သည်

မယုယုသွေး
အသက် (၁၅)နှစ်

ဆိုတဲ့ အုတ်ဂူဖြူလေးပေါ် ပန်းစည်းတင်ကာ ရပ်ကြည့်နေမိသည်

ယုယုသွေးဆိုသည့်ကလေးမလေးသည် သူငယ်ချင်းသုတ၏ နောက်ဆုံးလူနာဖြစ်ခဲ့သည်

" နှုတ်ဆက်ခဲ့ပါတယ် ယုလေး နောက်ဆို ဦးလေးမင်းကို လာမကြည့်နိုင်တော့ဘူး ထင်တယ် ကောင်းကောင်းနေရစ်ခဲ့ပါ "

~~~~~~~~~~~~~~

အမေရိကကိုပြန်ရောက်တာနဲ့ နားဖို့အချိန်မရှိ ဆေးရုံအုပ်က  လူနာ ၃ယောက်ကို အထူး တာဝန်ယူစေသည် နောက်ခံအင်အားကြီးမားတဲ့သူတွေဖြစ်ပုံရသည်  ၃ယောက်လုံးက အသက်အားဖြင့် ၂၅သာသာလောက်သာရှိမည်ဖြစ်သော်လည်း ကိုယ်ပေါ်က အမာရွတ်နှင့် ဒဏ်ရာများကတော့ မြင်မကောင်းရှုမကောင်း
တစ်ယောက်ကဆို ၁ပတ်တိတိ ဒီနေ့ထိ  သတိမလည်သေးတာဖြစ်သည် ကျန်နှစ်ယောက်ကတော့ အခြေအနေ အနည်းငယ်ကောင်းလာပုံပင် သူတို့ ၃ယောက်ရဲ့အခန်းထဲက ထွက်လာပြီးမှ အသက်ရှုချောင်တော့သည် ဆရာဝန်တစ်ယောက်အနေနှင့်  တခြားလူနာများကိုလဲ ပစ်ထားလို့မရသေး

My 1 ShotWhere stories live. Discover now