D.O. point of views
တစ်နေ့....
ကျွန်တော် ကျောင်း(uni) ကအပြန် ဂိတ်ဝမှာ....လက်ကမ်းစာစောင်ဝေနေတဲ့ Human Teddy bear ကို တွေ့သည်...သူ့နားရောက်တော့ လက်ထဲကမ်းပေးလာတဲ့ စာစောင်က စားသောက်ဆိုင် ကြော်ငြာ ...
~~~~~~
နောက်တစ်နေ့...
ကြော်ငြာထဲက စားသောက်ဆိုင်ကို သွားဖြစ်တယ် ...
ဆိုင်ရှင်အဒေါ်က မနေ့က Human Teddy Bear ကို ပိုက်ဆံပေးနေရင်း ကျေးဇူးတင်ကြောင်းလဲပြောနေသေးတယ် ...ခေါင်းစွပ်ကို မချွတ်တဲ့သူဟာ ကျေးဇူးတင်ကြောင်း အမူအယာလေးလုပ်ပြပြီး ထွက်သွားသည်။
" 这小子真可怜。。要不是又翻译软件。他可完了!"
(ဒီကလေးလဲ သနားစရာ...translate app သာမရှိရင် ဒုက္ခရောက်တော့မှာ )ဒါဟာ တရုတ်နိုင်ငံဖြစ်သည်။ ကျွန်တော် ဒိုဒီအိုကတော့ UFL chinese လာတက်နေခြင်းပင်ဖြစ်သည် ။
" 他不是汉人?"
(သူက တရုတ်မဟုတ်ဘူးလား )¥😑ရပြီ တရုတ်စကားကို (...)လို ရေးမယ်¥
(မဟုတ်ဘူးကွဲ့ ...ကိုရီးယားကလို့တော့ပြောတယ် ဒီနားမှာလဲ အသိမရှိဘူးဆိုပဲ )
(ဩော်..)
~~~~~~~~~~
ကျောင်းဝန်းကြီးထဲ သူ့(Human Teddy Bear)ကို တွေ့ရပြန်သည်။တချို့က ဗီဒီယို ရိုက်နေကြသေးသည်။ သူကတော့ ကောင်မလေး တစ်ယောက်လက်ကို ဆွဲကာ ကောင်လေးတစ်ယောက်ရှေ့ခေါ်သွားလေသည်။
အောင်သွယ်တော် လုပ်နေပုံပင်။
ဟာသပဲ....H.TB တွေအများကြီးရှိနိုင်တာပဲကို သူပဲဆိုပြီး ဘယ်လိုများထင်ရက်နေတာပါလိမ့်။ သူ့မှာ ဆွဲဆောင်နိုင်တဲ့ အင်အားလိုဟာမျိုးရှိတယ်ထင်ပါရဲ့ ...
~~~~~~~~~~~~
" ကျွန်တော့်ကိုလဲ တစ်ရွက် "
ဒီနေ့တော့ ရပ်ကွက်ထိပ်က လမ်းမှာ သူ့ကိုတွေ့ရသည် ။ လက်ကမ်းစာစောင်ဝေနေတဲ့ သူပေါ့ ။
ခပ်တည်တည်နဲ့ မိခင်ဘာသာစကားပြောပြီးမှ သူမဟုတ်ရင်ကောလို့ တွေးမိသည်။
သူက တကယ်ထူးခြားသည်။စကားပြန်မပြောပေမယ့် လက်ထဲရောက်လာတဲ့ စာစောင်က သူမှသူဆိုတာ သက်သေပြနေသလို...။