Whats Relationship
စီနီယာ....ကျွန်တော်စီနီယာ့ကိုသဘောကျတယ်..ကျွန်တော်နဲ့ တွဲရအောင်နော်'
Do kyungsoo သူ့စီနီယာ kris ရဲ့လက်ကို တင်းတင်းကျပ်ကျပ်ကိုင်ပြီးလေးလေးနက်နက်ပြောနေပါတယ်
Kyungsoo စကားကြောင့် kris လန့်သွားပြီး ဘေးဘီကိုကြည့်လိုက်မှ တော်ပါသေးရဲ့ သူတို့ကိုကြည့်နေတဲလူမရှိဘူး kris သက်ပြင်းချလိုက်ရင်း kyungsoo
' အဲ့ဒါ....ဟို....kyungsoo မင်းပြောတာအရမ်းရုတ်တရက်ကြီး.....ပြီးတော့ မင်းလည်းသိ.....သိပါတယ်...ငါ...ငါက ....'
အမှန်တော့ သူလည်း kyungsoo ကိုသဘောကျပါတယ် ဒါပေမယ့် သူပတ်ဝန်းကျင်ဆိုတာကိုရင်မဆိုင်ရဲသေးဘူး kyungsoo ကို ငြင်းလည်းမငြင်းချင်ဘူး လက်ခံရမှာလည်းကြောက်တယ်
Kyungsoo သူတို့ထိုင်နေတဲ့ coffee shop လေးကို ဝေ့ကြည့်လိုက်တယ် တစ်ပတ်တိတိ ဖွင့်ပြောဖို့အတွက်အားယူပြီး သတ်မှတ်လိုက်တဲ့နေရာပါ ခုတော့ သူအငြင်းခံလိုက်ရတာလား
'Kyungsoo....ငါ့ကို အချိန်ပေးပါ ..ခုလိုရုတ်တရက်ကြီးကျတော့ ငါအဆင်သင့်မဖြစ်သေးဘူးလေ '
' ဘယ်လောက်ကြာကြာလဲ '
' ငါလည်းမသိဘူး '
'ရော့ '
Kyungsoo စာအိတ်တစ်အိတ်ထုတ်ပြီး kris ကိုပေးလိုက်တယ်' ဘာလဲ ဒါက '
' ကျွန်တော်တစ်နှစ်လုံး တစ်ခါမှခွင့်မယူဖူးဘူးမလား ခု ခွင့်ယူမလို့ '
' ဘယ်လာက်ကြာမှာလဲ '
'တစ်လတည်းပါ ကျွန်တော်ပြန်လာတဲ့အချိန်ကျရင် ကျွန်တော့်ကို အဖြေပေးမယ်မလား '
Kris ခေါင်းငြိမ့်လိုက်ပြီး ဆိုင်ထဲကထွက်သွားတယ် တရွေ့ရွေ့ဝေးသွားတဲ့ kris ကျောပြင်ကိုkyungsoo လိုက်ကြည့်ပြီးမှ air ticket ကိုကိုင်ကာ
' Vancouver ရေ ငါလာပြီ '
ဘေးက suitcase ကိုဆွဲပြီး ဆိုင်ထဲကထွက်ခါနီးမှာ အပေါက်ဝနားက နေရာမှာတော့ ကောင်လေးတစ်ယောက်က တစ်လက်လက်တောက်ပနေတဲ့လက်စွပ်လေးနဲ့ တခြားကောင်လေးတစ်ယောက်ကို လက်ထပ်ခွင့်တောင်းနေတယ် လက်စွပ်ကိုင်ထားတဲ့ကောင်လေးက ကျောပေးထားတော့ သူမမြင်ဘဲနဲ့ တစ်ဖက်ကကောင်လေးကတော့ မျက်နှာချင်းဆိုင်ဖြစ်နေတာမို့ ကြည့်လိုက်တော့ အသားအရည်ဖြူဝင်းပြီး အသက်သိပ်မကြီးလောက်သေးပါဘူး ချောပါတယ် နွေးနွေးထွေးထွေးရှိမယ့်ပုံပါ သူစဉ်းစားမိတာက အဲ့ဒီကောင်လေး လက်မထပ်သင့်သေးဘူး သူ့အတွေးသက်သက်ပါ ဟိုနှစ်ယောက်ကတော့ ပျော်လို့ရွှင်လို့