ပြီးပြည့်စုံသော ... နာမ်စား
"Jongin ဒီကိုလာ "
"လာဝူး "
"Dyo လေး နောက်ပုန်းမနေနဲ့
ထွက်လာ ""ကြောက်လယ် Hyung "
"ကြောက်နဲ့ NiNi .. Hyung ရှိဒေ "
Jongin အမေ Xing မှာ
Kyungsoo နောက်က Jongin ကို ဆွဲထုတ်၍ မရသဖြင့်
စိတ်က ပိုပိုပြီးဆိုးလာသည် ...Dyo လေး ကို ဆွဲထုတ်ရအောင်
လည်း မဟုတ်သေး ...
သူကလည်း ကာစီး ကာစီး ...Dyo လေး မလာခင် Chocolate တွေ ယူစားထားတာ စောစောက
ရေချိုး သန့်ရှင်းအောင် လုပ်ထား
ပေးသည်က ပေပွလို့ ...အိမ်အလုပ်နဲ့ လူကမောပါတယ်
ဆို သူတစ်ယောက်ကို ထိန်းမနိုင်"Ommonie.. . NiNi ကို
မရိုက်ပါနဲ့ရဂျာ ""ပေပွနေလို့ ဆုံးမ မလို့ "
"Dyo လေး ပြောပါ့မယ် နော် နော် "
"သန့်ရှင်းရေးလည်း လုပ်ပေးရဦးမှာ ဒီလောက်လုပ်ပေးထားတာ "
ငိုမဲ့မဲ့နဲ့ လက်ကလေး ဆန့်တန်းပြီး
Jongin ကို ကာထားတဲ့ ပုံလေးက ချစ်ဖို့ကောင်းလွန်းနေတာ
ကြောင့် Xing ပြုံးလိုက်မိသည်ထို့နောက်ချက်ချင်း မျက်နှာကို
ပြန်တည်ကာ ..."သွား သွား ခေါ်သွားတော့ "
"Ommonie က သဘောကောင်းပါဒယ် ... လာ NiNi မျက်နှာ သစ်ရမယ် ... "
"Nae ... "
Kyungsoo ... Jongin လက်ကို ဆွဲကာ ရေချိုးခန်း ထဲဝင်သွားသည် ..
Xing လည်း ဘာတွေ လုပ်မလဲ
သိချင်တာနဲ့ နောက်ကနေ အသာလေး လိုက်ကြည့်သည် ..."NiNi နောက်ဆို Hyung မလာသေးခင် မုန့်တွေ မစားထားနဲ့
ပေပွနေတာပဲ ""NiNi က စားချင်နေတာကို "
"Ommonie ကို ခွံ့ခိုင်းလေ "
မျက်နှာကို တဘက်လေး ရေဆွတ်ပြီး သုတ်ပေးရင်း ပြောနေတဲ့ ပုံလေးက လူကြီးတစ်ယောက်ဟန်ပန်အပြည့် ...
"NiNi က လူကြီး ဖြစ်ချင်ဒါ "
"အာ့ဆို Hyung လာမှ စား ".
"Nae "
"Hyung က ညစ်ပေတဲ့သူကို မချစ်ဘူး "
"မြန်မြန် သန့်ရှင်းအောင်လုပ်ပေးယေ ... NiNi နောက်ဆို အဲ့လိုလုပ်တော့ဝူး .. NiNi ကို ချစ်နော် "
"Nae ... "
အတိုင်အဖောက်ကို ညီလို့
သူ့မျက်နှာကို ထိရင် သိပ်မကြိုက်ချင်သော Jongin က မျက်နှာကြီးကို မော့ပြီး ရေဆွတ်အဝတ်နဲ့ အသုတ်ခံနေတာ ...အမေဖြစ်သူတောင် Kyungsoo ကို မနာလိုဖြစ်ရမလို ...
Kyungsoo နှင့်အတူ ရှိလျှင်
ဘယ်တော့မှ မညစ်ပေသလို
ဘယ်တော့မှ ထိခိုက်ဒဏ်ရာမရတနေကုန် ငိုသံလည်း မကြားရ
Kyungsoo မလာခင်ဆို
သောင်းကျန်းတာ မနိုင်ဘူး ...Kyungsoo မလာလျှင် ခေါင်းတဆန့်ဆန့် လည်တဆန့်ဆန့်
မျှော်သည် ... တအီအီ ငိုပြီး ဂျီကျလိုက် ... အာပြဲလျှာပြဲ ငိုပြီး
ဂျီကျလိုက် ...မနက် အိပ်ရာနိုးလျှင်လည်း
အဖေ အမေ ကို ထမယ် မထင်လေနဲ့
သူ့ Hyung ဆီဖုန်းဆက်ရမှ
ည မအိပ်ခင်လည်း ဖုန်းက ဆက်သေးတာဟိုကလည်း မပီကလာ ပီကလာနဲ့
သီချင်းကို ဝူးဝူးဝါးဝါး ဆိုသိပ်သေးတာ ...တခါက ဖုန်းပျက်လို့ တခါဆိုမှ
တခါ လေး မဆက်ရတာကို
တစ်ညလုံး အဖေကော အမေကော တစ်ညလုံး မအိပ်ရ ...မနက်လင်းခါနီးမှ မောပြီး အိပ်ပျော်သွားလို့သာ ...
ထိုနေ့က NiNi ကြောင့် သူ့အဖေ
Suho ခွင့်ယူလိုက်ရသလိုတဖက်အိမ်က Chen လည်း
ခွင့်ယူလိုက်ရသည်
Kyungsoo လက်ချက်ကြောင့်
မငိုစဖူး အော်ငိုနေတာမို့
တညလုံး မိဘ နှစ်ပါး မအိပ်ဘဲ
ထိုင်ချော့နေရ၍သာ ...ထိုနေ့ကစပြီး ညနေဆို ph ကောင်း မကောင်း စစ် ရသည်မှာ
နှစ်ဖက် မိဘ အတွက် တာဝန် တစ်ခု ဖြစ်ခဲ့သည် ...TBC