Final

5.3K 429 18
                                    

ပြီးပြည်​စုံ​သော...နာမ်​စား


မိဘ​တွေ သူတို့ နှစ်​​ယောက်​ အ​ကြောင်း
သိပြီးလည်း ခွဲထုတ်​၍ မရ​တော့
ယခင်​အတိုင်းပဲ လွှတ်​ထားကြသည်
လက်​ထပ်​ဖို့ အထိ​တော့ ခွင့်​မပြု​သေး
သို့​​ပေမယ့်​ ခွဲဖို့လည်း အားမထုတ်​ကြ

တစ်​​ယောက်​နှင့်​တစ်​​ယောက်​ မ​ပေါင်းဖက်
ရလည်း နှစ်​​ယောက်​လုံး အိမ်​​ထောင်​မပြု
ဘဲ​နေမည်​ ..ဟု ​ကြွေး​ကြော်​ထားသည်
မဟုတ်​လား ...

အခုလည်း NiNi တစ်​​ယောက်
Kyungsoo ကို ဖက်​လျှက်​ အိပ်​​နေသည်
ဘယ်​သူ​တွေ ဘာ​ပြော​ပြော သူ့တို့က
ပို​နေမြဲ ကျား​နေမြဲ ...
မိဘ​တွေလည်း ကြာလာ​တော့
မသိသလိုပဲ ​နေကြ​တော့သည်​ ...

"Hyung"

"အင်း "

Jongin ​ခေါ်သံကို ထူးပြီး
ရင်​ခွင်​ထဲတိုးဝင်​ကာ ခါးကို
တင်း​နေ​အောင်​ဖက်​ထားလိုက်​သည်

"Hyung ဆို ... ထ​တော့ "

"အိပ်​ချင်​​သေးတယ်​ "

Jongin သူ့ကို ဖက်​ထား​သော
လက်​ကို ဖယိချလိုက်​ကာ ကုတင်​​ပေါ်က
ဆင်းသွားသည်​ ..
Kyungsoo က အိပ်​​နေဆဲ ..

အိပ်​​နေရင်းမှ ဘာအသံမှလည်းမကြား
ရေချိုးခန်း ၀င်​ပုံလည်း မကြား
ခြေသံလည်းမကြား
Kyungsoo လန့်​သွားသည်
ဒီက​လေး သူ့ကို စိတ်​​ကောက်​သွားပြီလား

သူ ရုတ်​တရက်​ ထလိုက်​​တော့
ကုတင်​​အောက်​မှာ ဒူး​လေး​ထောက်​က
သူ့ကို ပြုံးကြည့်​​နေ​သော NiNi

နေ့တိုင်း မနက်​တိုင်း မြင်​ဖူး​နေတဲ့
မျက်​နှာ​လေး ​ပေမယ့်​ ဘယ်​​တောဖြစ်​ဖြစ်
သူ့ကို ဆွဲ​ဆောင်​နိုင်​​သော ​ကောင်​​လေး

အခုသူ့​ရှေ့က NiNi က​တော့
အရင်​လို က​လေးဆန်​ဆန်​ ပုံစံမျိုး
မဟုတ်​​တော့ ခန့်​ညားမှု အပြည့်​ဖြင့်
ကတ္တီပါ ဘူး အနက်​က​လေးကို
ဖွင့်​လိုက်​သည်​ ....

"NiNi 😭 "

"Hyung ကျွန်​​တော့ကို လက်​ထပ်​​ပေး
နိုင်​မလား "

"NiNi "

Kyungsoo ၀မ်းသာလွန်း၍မျက်​ရည်
များကျကာ Jongin နာမည်​ကိုသာ
အထပ်​ထပ်​​ခေါ်​နေ​သည်​ ...

ပြီးပြည့်စုံသော ... နာမ်စား { Completed }Where stories live. Discover now