ပြီးပြည့်စုံသော ... နာမ်စား
"NiNi ဆီတွားမယ် ... တွားမယ်လို့ ""Dyo လေး ရယ် ... အခုပဲ ပြန်လာတာလေ ..."
သူ့၏မိခင်ငြင်းလိုက်တာကြောင့်နှုတ်ခမ်း လေး ဆူကာ ပွစိပွစိ
ရေရွတ်နေသည် ...အသက်က ၅ နှစ် ကျော်ကျော် ...
လူက လူကြီးပေါက်စလေးလို
တစ်ခုခုဆို ငိုယိုပြီး မပြောတတ်ပေမယ့် ပွစိပွစိ တော့ ရေရွတ်တတ်သည် ..."Hyung ... ဗြဲ ... "
အာခေါင်ခြစ်ပြီး အော်ငိုသံကြောင့်
Umin ခေါင်းထောင်သွားသည်
သေချာပြီ NiNi ဂျစ်တိုက်ပြီထင်တယ်...ထိုစဉ် NiNi ငိုသံတိတ်သွားသည်
"Dyo လေး .. NiNi လာတယ်ထင် ... ဟိုက် "
စောစောက သူ့ အင်္ကျီကို ဆွဲရမ်းပြီး
ပွစိပွစိ ရေရွတ်နေသော
လူသားလေး မရှိတော့ ..ဒါကြောင့် ငိုသံ တိတ်သွားတာကို ...
"Xing လည်း မနိုင်တော့ဘူး
နေ့ရှိသရွေ့ ဒီ ၂ ယောက်ကို
ဟိုဖက်အိမ် ပို့လိုက် ဒီဖက်အိမ်လိုက်လာ လိုက်လုပ်ရတာ
အိမ်အလုပ်ကို ဖြောင့်ဖြောင့် မလုပ်နိုင်ဘူး "" ဟုတ်ပါ့တော် ... "
မိခင် ၂ ဦး ပြောနေသည်ကို
ထို လူသား နှစ်ဦးမှာ စိုးစိမျှ
အရေးမစိုက် ..."လာ NiNi ... အခန်းထဲ တွားမယ် "
"Nae .. Hyung အာ့ဒွေ ချစ်တာ
ဘွား ...😘 ""ခ်ခ် NiNi က Hyung ကို နမ်းတတ်နေဘီ "
"၄ နှစ်ရှိဘီယေ "
"လာ ... လာ "
Dika နှစ်ယောက် ကစားစရာ အရုပ်များ ထားရာ အခန်းထဲသို့
ကော့တော့ ကော့တော့ ဝင်သွားသည် ...Umin နှင့် Yixing တို့ တယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ခေါင်းတခါခါ လည်တခါခါ လုပ်နေသည် ...
"Xing အလုပ်ရှိရင်ပြန်လေ Umin လေး ကြည့်ထားလိုက်မယ် ...
ဒါပေမယ့် စိတ်ချရပါတယ်
သူတို့ ၂ ယောက် အတူတူ ရှိရင် "