"တောက်!! ပတ်ချန်းယောလ် မင်းကို သတင်းမှား တွေ မထွက်အောင် နေပါလို့ ဘယ်နှစ်ခါ ပြောရမလဲ?"
"ကျွန်တော် ဘာလုပ်လို့လဲ?"
ဒါပဲလေ ကျွန်တော် ပတ်ချန်းယောလ် ဆိုတာ အမေးကို ကိုယ်ပဲ လုပ်မှာ....
"ဒီဟာ တွေကို ကြည့်စမ်း"
အဲ့ သူဋ္ဌေး ဆိုလား entertainment ရဲ့ CEO ဆိုလား ရဲ့ လက်ထဲက လွှတ်ပစ်လိုက်တဲ့ စာအိတ်ထဲက ပုံအချို့ကို ကြည့်လိုက်တော့.....
ကျွန်တော်နဲ့ အစ်မလို အမေလို ကျွန်တော့်ကို စောင့်ရှောက်လာတဲ့ အစ်မ ဟာနာ ....
"အစ်မ ဟာနာ!"
ကျွန်တော် တိုးတိုးသာ ရေရွတ်မိတယ်....
"မင်းတို့ နှစ်ယောက် ကိစ္စက ရှင်းရလွယ်ပါတယ် အဲ့ကြားထဲက ကလေးက ဘယ်သူလဲ?"
ကျွန်တော် ခေါင်းနပမ်းကြီးသွားတယ် ....... အစ်မ ဟာနာ ဆိုတာ အောင်မြင်နေတဲ့ အဆိုတော် တစ်ယောက် သူ့မှာ မသိတတ်ခင်အရွယ်က ရထားတဲ့ ကလေးရှိတာ သိကြည့် တက်လိုက်မယ့် ပြဿနာ..... အစ်မ ရဲ့ ပုံရိပ်ကိုလည်း ထိခိုက်မှာ
အဲ့ကိစ္စက ဘယ်သူမှ သိတာမဟုတ်..... မာသာ တောင် သိတာ မဟုတ်ချေ.....
မာသာ ဆိုတော့မှ အစ်မ ဟာနာ ရဲ့ ကလေးငယ်က မိဘမဲ့ ဂေဟာမှာ ထားထားပြီး အစ်မ က မသိအောင် ထောက်ပံ့နေတာ....
အစ်မ လည်း စိတ်မကောင်းပေမယ့် သူ့ကလေးကို ကောင်းတဲ့ သူက မွေးစားသွားရင် ကောင်းမယ်လို့ ပြောဘူးတယ်.......
ဟုတ်ပြီ.....
"ကျွန်တော် အဲ့ကလေးကို မွေးစားမလို့ အစ်မ ဟာနာ နဲ့ သွားကြည့်တာပါ သူဋ္ဌေး"
"ဘာ မင်းရူးနေတာလား ပတ်ချန်းယောလ်!"
"ကျွန်တော် မရူးဘူး သူဋ္ဌေး ကျွန်တော် အဲ့ကလေးကို မွေးစားမှာပါ ဒါဆို"
ကျွန်တော် ခါးကိုင်း နှုတ်ဆက်ကာသာ ထွက်လာလိုက်တယ်.....
ဟို လူကြီး ဒေါသတွေ ထွက်နေလောက်ပြီ.....
ဟွန့် ထွက်ပါစေ..... ဒေါသပြောပါတယ် :P
................................................................
YOU ARE READING
Daddy & Pa Pa
HumorCast.. Sehun-အိုဆယ်ဟွန်း Chanyeol- ပတ်ချန်းယောလ် as their adopted child-ဆယ်ဗြော
