Impossible Love(one shot)

1.8K 149 21
                                    

*မိုးမြင့်ကြယ်ကိုမှခူးဆွတ်ချင်သူ
ကျွန်တော်ဟာ...
အညတရလူသားတစ်ဦးတဲ့....*

⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐

*ဟင့်အင်း.....ကိုယ်...
ကြယ်မဖြစ်ခြင်းဘူး...
ကြယ်ပွင့်ဆိုတာကောင်းကင်မှာ
ထွန်းလင်းနေတုန်းသာ
လူအများနှစ်သက်ခြင်းကိုခံရတာ....
ကြယ်ကြွေတဲ့အခါ....
ကောင်ယူချင်သူမှမရှိပဲ.....*

👉👉👉Impossible Love👈👈👈

နေရောင်ခြည်တို့ဖြာလဲ့သော
နံနက်ခင်းတစ်ခု....

ကျေးငှက်တို့တေးသီသံတို့ဖြင့်
သာယာနေလေရဲ့....

မြို့ပြနှင့်ဝေးသောနေရာတစ်ခုပေမို့
ဆူညံသံများလည်းကင်းဝေး၏...

သစ်ပင်ရိပ်တို့ဝေမှိုင်းနေသော
အိမ်ကလေးထဲတွင်...
တစ်ယောက်သောသူသည်...
ပျော်ရွှင်ကြည်နူးနေပေဦးမည်....

🔛🔛🔛🔛🔛🔛🔛🔛🔛🔛🔛🔛

ကိုကို....
ကျွန်တော့်ရဲ့ ကိုကို
သိပ်ခန့်ညားတယ်
အိပ်နေတာတောင်
ဆွဲဆောင်မှုရှိနေတယ်

V shape မေးရိုးလေးရယ်...
ကိုကို အလိုမကျရင် တွန့်ကွေးသွားတတ်တဲ့
မျက်ခုံးနက်နက်ကလေးရယ်ကိုလေ...
ကျွန်တော်သိပ်မြတ်နိုးတယ်....

နောက်တစ်ခု....
ကိုကို့ရဲ့ နွေးထွေးတဲ့ရင်အုံ့ကျယ်ကြီး...
သိပ်ကို ပြည့်စုံလွန်းတဲ့လူးသားတစ်ဟာ...
ကျွန်တော့်ကိုကို ရယ်ပါ....

အခုလို ကိုကို့ရင်ခွင်ထဲမှာ ခိုနားမှေးစက်ပြီး
မျက်လုံးဖွင့်လိုက်တာနဲ့ ကိုကို့မျက်နှာလေးကို
မြက်တွေ့ရတဲ့ ဟော့ဒီလိုမနက်ခင်းမျိုးကို
ကျွန်တော်ထာဝရပိုင်ဆိုင်ချင်ရဲ့....

သို့ပေမယ့်လေ....

"ကလေးဆိုးလေး
ကြည့်လို့မဝတော့ဘူးလား"

"ဟင့်အင်း...
ဖြစ်နိုင်ရင်လေ တစ်သက်လုံးတောင်ထိုင်ကြည့်
နေချင်တာ....ခ်ခ်"

"ဟုတ်ပါပြီ...နောက်မှကြည့်...
အခုတော့ကိုကို သွားရတော့မယ်လေ
ထတော့နော်"

"ကိုကို....မသွားလို့မရဘူးလားဟင်..."

ရူးမိုက်စွာမေးမိလေခြင်း...
အဖြေကိုသိလျက်နှင့်လေ...

Lovely...Tempat cerita menjadi hidup. Temukan sekarang