Hello November!
_______________________________________
မင်္ဂလာပါ နိုဝင်ဘာ။
နေကောင်းရဲ့လား နိုဝင်ဘာ။
ဆောင်းလေညင်းတွေနဲ့မင်းကတော့
ပျော်မြူးနေမှာပေါ့ နိုဝင်ဘာရယ်။ဒါပေမယ့် ကိုယ်ကတော့
မပျော်နိုင်ဘူးနိုဝင်ဘာ။ကိုယ်ချစ်တဲ့လူနှစ်ယောက်ဟာ
တစ်ပြည်ဆီခြားလို့
ဝေးကွာနေသေးတယ်နိုဝင်ဘာရဲ့။အရင်လို့သူတို့နှစ်ယောက်ကို
စင်မြင့်ပေါ်မှာယှဉ်တွဲပြီးတွေ့ချင်မိတယ်
နိုဝင်ဘာ။သီချင်းတွေဆိုရင်း အတူတူကခုန်နေတဲ့
သူတို့နှစ်ယောက်ကို ပြန်မြင်ချင်တယ်
နိုဝင်ဘာ။မကြာခဏထွက်လာတတ်တဲ့
သူတို့နှစ်ယောက်ရဲ့ moment
တစ်ချို့ကိုလည်း မြင်ချင်သေးတယ်
နိုဝင်ဘာရေ။တစ်ယောက်ရဲ့တစ်ယောက်မသိမသာ
လှမ်းပြီးခိုးကြည့်ခြင်းဟာလည်း
သူတို့နှစ်ယောက်ရဲ့ moment တစ်ခုပေါ့
နိုဝင်ဘာ။ဪ ဒါနဲ့ စကားမစပ်
လွန်ခဲ့တဲ့ လအနည်းငယ်လောက်က
ကိုယ်ချစ်ရတဲ့ နိုဝင်ဘာစုံတွဲက
တစ်မြေတည်းပေါ်မှာ
ရှိခဲ့တယ် နိုဝင်ဘာ။ဟိုတယ်တစ်ခုတည်းမှာ တည်းပြီး
အခန်းတွေကလည်း အလွှာတစ်ခုထဲ
မှာတဲ့ နိုဝင်ဘာရယ်။ကြည့်စမ်း ဘယ်လောက်
ဝမ်းသာဖို့ကောင်းလိုက်လဲ
နိုဝင်ဘာ။သူတို့နှစ်ယောက် စတွေ့ချိန်မှာ
ဘယ်လိုနေမလဲ မသိဘူးနော်
နိုဝင်ဘာ။မတွေ့တာကြာလို့စိမ်းသွားမလား
ဒါမှမဟုတ် social media တစ်ခုခုကနေ
နေ့တိုင်းစကားပြောနေကြမို့လို့
ရင်းရင်းနှီးနှီးပဲ ရှိနေကြမလား
မသိဘူးနော် နိုဝင်ဘာ။ကိုယ်လေ အဲ့နေ့က နေမထိထိုင်မသာ
ဖြစ်ခဲ့ရတယ် နိုဝင်ဘာ။နိုဝင်ဘာရော အဲ့နေ့က
ဘယ်လိုမျိုးဖြစ်နေခဲ့လဲ?..............
Kris wu ရဲ့ deserve သီချင်းအသစ်က
သိပ်ကို ကောင်းလွန်းနေတယ် နိုဝင်ဘာ။အခုလိုပြောလို့
ကိုယ့်ကိုဘက်လိုက်တယ်လို့တော့
မပြောနဲ့နော် နိုဝင်ဘာ။