Chapter 20

1.6K 161 5
                                    

Eunjae's POV

Hoseok : ဟာကွာ ပျင်းစရာကြီး

Hoseok ကျောင်းပန်းခြံထဲက ပန်းပင်တွေကိုရေလောင်းနေရင်း ပြောလိုက်တယ်

Jimin : ဘယ်သူ့ကြောင့်ဖြစ်တာလဲ? Hyung စလုပ်လို့ဖြစ်တာလေ

Jimin အပင်တွေကို မြေသြဇာတွေထည့်ပေးရင်းညည်းလိုက်တယ်

Jungkook : အေးလေ

ကျမတို့ မနေ့က recess အချိန်မှာ food fight လုပ်လို့ ကျောင်းစည်းကမ်းထိန်းသိမ်းရေးဆရာ Mr.Gong ကအပြစ်ပေးတာလေ. Hoseok, Hyemi, Jin, Yoojin နဲ့ ကျမက အပင်တွေကိုရေလောင်းပေးရပီး ကျန်တဲ့ငါးယောက်က မြေသြဇာထည့်ပေးရတယ်

Flashback <<<<<<<<<

Recess အချိန်ကပေါ့. Hyemi ကိုအရင်ကလိုပဲ ကျမတို့နဲ့အတူစားခိုင်းတယ်. သူ Jungkook ကိုအရှောင်များနေရင် အရမ်းသိသာနေမှာစိုးလို့ပေါ့

အခြေအနေက ကသိကအောက်ကြီး. Taehyung ကလွဲလို့ ကျန်တဲ့ကောင်လေးတွေ ဘယ်သူမှ Hyemi အကြောင်းသတိမထားမိကြဘူးလေ
သူတို့လဲ သူတို့ဟာသူတို့  ဒီအတိုင်းတောင့်တောင့်ကြီးထိုင်နေတော့ ပိုပီး ကသိကအောက်ဖြစ်နေတာပေါ့

Jungkook : Hyemi?

Jungkook ဆီကအသံထွက်လာတော့ ကျမနဲ့ Yoojin နှစ်ယောက် ဘေးမှာထိုင်နေတဲ့ Hyemi ကိုလှမ်းကြည့်လိုက်တယ်

Hyemi : ဟ-ဟင်?

Jungkook : gwenchana, မင်းတို့သုံးယောက်ဒီနေ့ငြိမ်လှချည်လား

Hyemi : umm...

အားလုံးက ကျမတို့သုံးယောက်ကိုဝိုင်းကြည့်နေကြဒယ်

" သုံးယောက်လုံး chemistry စာမေးပွဲ ကျလို့"

ကျမလိမ်ပြောလိုက်တော့ Jimin ကကျမကို မျက်မှောင်ကြုံ့ပီးကြည့်လိုက်တယ်

Jimin : မင်းတို့ စာရပီးသားမဟုတ်ဖူးလား?

" အင်း ဒါပေမဲ့ အခုစာမေးပွဲက အရမ်းခက်ဒယ်. အာ့ကြောင့်စဉ်းစားရင်း ခေါင်းတွေပူလာလို့ စာ-စာတွေလဲမေ့သွားတာ"

နောက်ထပ် မုသားတစ်ကြောင်းကျမ ပါးစပ်ကထပ်ထွက်လာပြန်တယ်. Mianhaeyeo Jimin Oppa .

Namjoon : နောက်စာမေးပွဲတွေကျ ပြန်ကြိုးစားပေါ့

Jimin ကတော့ ကျမကို မယုံသင်္ကာအကြည့်နဲ့ကြည့်နေဆဲ. ကျမအကြောင်းသူကောင်းကောင်းသိဒယ်လေ. ကျမလိမ်တဲ့အခါ သူအသိဆုံး

Protecting Her // KTH // Myanmar Version [Completed]Donde viven las historias. Descúbrelo ahora