A

19.7K 672 33
                                    

ကျိန်းစပ်​စပ်​ ​နေ​ရောင်​တချို့၏
ရိုက်​ခတ်​မှုတို့က ​နေ့ရက်​သစ်​တစ်​ခုကို
အစပျိုး​စေခဲ့သည်​။

ပြတင်း​ပေါက်​မှ ဝင်​​ရောက်​လာ​သော
လေညင်းငယ်​တို့က ဆံသားတို့တစ်​​လျှောက်
ဖြတ်​​ပြေး​ဆော့ ​နေကြသည်​။

ဘေးနားမှာ အိပ်​​နေတဲ့ သူ မနှိုး​အောင်​​တော့
နေ​​ရောင်​ခြည်​တစ်​စွန်းတစ်​စ နှင့်​ ​လေ​ပြေတို့ကို
ညင်​သာစွာ လှုပ်​ရှား​စေချင်​သည်​။
....................................................
"ပတ်​ဂျီမင်း "

အိပ်​ယာ နှိုးနှိုးချင်း ကျွန်​​တော့်​နာမည်​ကို
အော်​​ခေါ်တတ်​သည်​ မှာလည်း
သူ့ရဲ့အကျင့်​တစ်​ခုလို။
ဒီအချက်​ကို​ ကျွန်​​တော်​ ​ကြိုက်သည်။
ကျေနပ်​​မိသည်​။

"ထပြီလား မြန်​မြန်​လာစား​တော့ ​ကျောင်း​နောက်​ကျ​တော့မယ်​ မသာ​ကောင်​ရဲ့"

ကျွန်​​တော်​ သူ့ကို သိပ်​ချစ်​ခဲ့ရသည်​။
သို့​သော်​ ဖွင့်​ဟ​ပြောဆိုရန်​ မဖြစ်​နိုင်​​သော
ကျွန်​​တော်​က စကားသံများပင်
အ​တော်​အတန်​ သတိထား၍ သမုတ်​ရသည်​။

"​ဟို​ကောင်​ ဝက်​စုတ်​ မနက်​​စော​စော ကျက်​သ​ရေမရှိ​အောင်​ ဆဲမ​နေနဲ့ သူ​တောင်းစား​ကောင်​"

ဟုတ်​ပါတယ်​​လေ သူ​လေး​ပြောတဲ့စကား​တွေက
သိပ်​ကို နားဝင်​ချိုရှာပါတယ်​။
ကျွန်​​တော်​တစ်​ချက်​ ပြုံးမိသည်​။

"ရယ်​မ​နေနဲ့ သွားမယ်​"

ဘယ်​အချိန်​က​ ​ရောက်​​နေမှန်းမသိ​သော
သူက ​ကျောင်းသွားဖို့​တောင်​ အဆင်​သင့်​။

"မနက်​စာ မစား...."

သူဆွဲ​ခေါ်ရာသို့ ကျွန်​​တော်​ လိုက်​ပါခဲ့ရသည်​။
ဒီ​နေ့က ​ပထမဆုံး ​ကျောင်းပြန်​ဖွင့်​ရက်​ဖြစ်​၍
ခြေလှမ်းတို့က တက်​ကြွ​နေသည်​မှာလည်း
ဆန်းကြယ်​လှခြင်းမဟုတ်​။

"ဒီ​နေ့​​တော့ လူ​တော်​​တော်​စုံမှာပဲ​နော်​"

ကျွန်​​တော်​ ​ခေါင်းတစ်​ချက်​ ခါလိုက်​ပြီး

You And Me And You {Completed}Where stories live. Discover now