H

3.1K 306 16
                                    

လက်​ချင်းချိတ်​ကာ လမ်းတစ်​​လျှောက်​မှာ ရယ်​လို့ပြုံးလို့ ​​လျှောက်​လှမ်းခဲ့ကြသည်​။
ခပ်​သာသာ တိုက်​​နေတဲ့ ​လေ​တွေ​ကြောင့်​ သူရဲ့
ခဲနု​ရောင်​ဆံသားနုနု​လေးများကလည်း ​တ​ပြေးညီး လွင့်​​မျော​နေတယ်​။ လှရက်​လိုက်​တာ။ ကျွန်​​တော်​​ဘေးနားက ​ကောင်​​လေးက နတ်​သား​လေးလား။
ကျွန်​​တော့်​လက်​ကို ဆုပ်​ကိုင်​ထားတဲ့ သူ့လက်​​သေး​သေး​လေး​တွေကို သိပ်​ချစ်​တာ။
တွဲထားတဲ့လက်​ကို အ​ပေါ်ဆွဲမပြီး တစ်​ချက်​နမ်းရှုံ့လိုက်​သည်​။

"ဘာလုပ်​တာလဲ"

"ချစ်​လို့"

ပေ​စောင်း​စောင်းကြည့်​​နေတဲ့ ပုံ​လေးက က​လေး​လေးလိုပဲ။ အဲ့ပါး​ဖောင်း​ဖောင်းအိအိ​လေး ​တွေကို ချစ်​လိုက်​တာ။ သူ့ကို ချစ်​တဲ့အ​ကြောင်း ​ပြောရင်​ အဲ့ပါး​လေး​တွေက နီတာရဲ​လေး ဖြစ်​လာ​​ရော။ ထို​ကောင်​​လေးမသိပါ ကျွန်​​တော်​ရဲ့ နမ်းချင်​လွန်းလို့ ထိန်းထားရတဲ့ စိတ်​​တွေကို။

"အပို​တွေ​ပြော​နေပြန်​ပြီ Kim Tae Hyung ရာ"

"အပိုမဟုတ်​​တဲ့အ​ကြောင်းသက်​​သေပြရမလား"

ပြော​ပြောဆိုဆိုနဲ့ ​လျှောက်​​နေတဲ့ ​ခြေလှမ်း​တွေကို ရပ်​တန့်​ပြီး သူ့မျက်​နှာနားကို တိုးကပ်​ပြီး နှုတ်​ခမ်းများ မထိတထိအချိန်​မှာ....

"Jimin...Tae Hyung"

ဂြိုလ်​ဆိုးမ​လေးအသံ။ Jimin မှာ တွဲထားတဲ့ လက်​ကို ဖြုတ်​ပြီး ဘယ်​လိုနည်းနဲ့ တစ်​မိုင်​​လောက်​အကွာမှာ ​ရောက်​သွားလည်း မသိပါ။ ရှက်​ကိုးရှက်​ကန်းနဲ့ Jung Eun ကို လက်​လှမ်းပြပြီး ရယ်​ပြ​နေသည်​။ ဟိုက​လေးမ ကျွန်​​တော်​တို့ကို မြင်​သွားပြီလား မသိ။
သူများ သာယာ​နေတဲ့ အချိန်​ကို ဖျက်​လိုဖျက်​ဆီးနဲ့ တကယ့်​ သာသနာဖျက်​​လေး။
ဘယ်​​ဂျောင်ဂျို​ဂျောင်​ကြားထဲက ထွက်​လာတာလဲ မသိ​တော့။

"​ကျောင်းသွားမလို့လား Eun နဲ့ အတူတူ သွားမယ်​​လေ"

မိန်းက​လေးတစ်​​ယောက်​ရဲ့ သိက္ခာ​ကိုငဲ့ပြီး မငြင်း​တော့ပဲ ​ကျောင်းအတူတူလာခဲ့သည်​။
ခုနကလို သာသာယာယာ​တော့ မဟုတ်​​တော့။
သူမက ကျွန်​​တော့်​​ဘေးမှာ မဟုတ်​ဘဲ ကျွန်​​တော့်​​ကောင်​​လေး​ဘေးနားမှာ။
ကျောင်းထဲဝင်​​တော့ ဟိုလူဒီလူဆီက တီးတိုး​ပြောသံ​တွေ ပလုံစီလို့။ တခြား​တော့ မဟုတ်​ပါ ကျွန်​​တော်​တို့နဲ့ Eun ​ကျောင်းကို အတူလာလို့ ​ပြော​နေကြတဲ့ စကားသံ​တွေ​ပေါ့။
ကျောင်း​ရောက်​​မှ သူမက ကျွန်​​တော့်​နားကပ်​ကာ
စကား​လာ​ပြော​တော့ အလိုက်​ထိုက်​​ပြော​ပေးရသည်​။ သို့​သော်​ လူ​တွေရဲ့အကျင့်​အတိုင်း မဟုတ်​တာကို အဟုတ်​လုပ်​​ပြောကြတာ​ပေါ့။

You And Me And You {Completed}Where stories live. Discover now