ကျဆင်းနေဆဲဖြစ်သော မိုးစက်များက
ထီးကြည်ကြည်ပေါ်မှာ တပေါက်ပေါက်။
စိုစွတ်နေတဲ့ လမ်းမပေါ်မှာ ဖိနပ်ဖြူဖြူလေးလည်း
ရွှံ့တွေနဲ့ ပေပွနေပြီ။
အရေးနဲ့အကြောင်းဆို စာအုပ်က မေ့ခဲ့ပြန်ပြီ။"Shit!!!!!!!"
အိမ်ပြန်ဖို့ကပဲ အကောင်းဆုံးဖြစ်လို့ အရှေ့ဆက်သွားနေသော ခြေလမ်းတို့က အနောက်သို့ ပြန်လည်နေသည်။
ဒီမိုးကတမှောက် သည်းတထက်သည်းလာသည်။
ထီးပင်မခံနိုင်တော့ တစ်ကိုယ်လုံးလဲ စိုရွဲလို့။
စိတ်ပျက်စရာ မိုး။ပွင့်နေသော အိမ်တံခါးကြောင့် သူခိုးများလား။
ဘယ်လိုသူခိုးကများ နေ့ခင်းကြောင်တောင် ၀င်ခိုးရတာပါလဲ။ ကျွန်တော့်အကြောင်းကို စုံစမ်းပြီး အိမ်မှာမရှိတဲ့ အချိန် ၀င်ခိုးတာဖြစ်မယ်။
ဘယ်လိုသူခိုးပဲဖြစ်ဖြစ် တွေ့မယ်။
လက်ထဲမှာ လွယ်အိတ်ကြီးကို ကိုင်ပြီး အခန်းထဲ ခြေသံဖွဖွ ၀င်ခဲ့တော့ သူခိုးက တစ်ကိုယ်လုံးအမဲ။ အနောက်ကနေပဲ မြင်ရတယ်ဆိုပေမယ့် ခန္ဓာယ်ကိုယ်ချင်းက သိပ်ကွာတာမဟုတ်။ ဒီသူခိုး သေပေတော့။
ဖြစ်ချင်ရာဖြစ်ဆို လွယ်အိတ်နဲ့ ကောက်ထုတာ။"အာ့....အ"
ဒီအသံကြားဖူးပါတယ်။ ဘယ်သူလည်း မသိဘူး။
"Park Jimin ဘာလို့ ရိုက်တာလဲ"
"ဟင်.....Tae Hyung ဒီကို ဘာလာလုပ်တာလဲ"
ကျွန်တော် ဒီတစ်ခါလည်း မှားပြန်ပြီ။ ကိုယ့်ချစ်သူကိုမှ သူခိုးလို့ စွတ်စွဲမိတယ်လို့။
သူသိရင် အပြောကခံရအုံးမယ်။"ကိုယ့်အိမ်ကိုလာတာကို မလာရဘူးလား"
ပြောလိုက်တဲ့ စကားတိုင်းက ဘုကလန့်ကြီး။
ဘယ်တော့မှများ ကျွန်တော့်ကို အကောင်းပြောမှာလဲ။ တခြားသူတွေတော့ မသိပါဘူး ကျွန်တော်ကိုယ်တိုင်တော့ သူနဲ့ကျွန်တော်က ချစ်သူတွေလို့ မယုံပါဘူး။
YOU ARE READING
You And Me And You {Completed}
Fanfiction{COMPLETED} Friend change love for love VMin [Yaoi] Kim Tae-Nun Warning -This may include rated scences