ကျွန်​​တော်​နှင့်​​တွေ့ဆုံခြင်း

341 32 5
                                    

Sehun - ခဏ​လေး ! ဘာဖြစ်​တယ်​။

ကျွန်​​တော့်​နာမည်​က Oh Sehun ပါ။အသက်​က​တော့ 20ရှိပါပြီ။Seoul universe မှာ ​နောက်​ဆုံးနှစ်​တက်​​နေ့တဲ့ ​ရိုးရိုးကျောင်းသားတစ်​ဦးပါ။ accident တစ်​ခု​ကြောင့်​ သရဲ​တွေကို မြင်​နိုင်​​နေရတဲ့ အ​ခြေအ​နေတစ်​ခုက လွဲရင်​​ပေါ့။
အခုလက်​ရှိအ​ခြေအ​နေမှာ​တော့ ကျွန်​​တော်​ဟာ ကုလားထိုင်​တစ်​လာံး​ပေါ်မှာ ကြိုးတုပ်​ခံထားရပါတယ်​။
အ​ကြောင်းအရာအပြည့်​အစုံက​တော့ လွန်​ခဲ့တဲ့ တစ်နာရီ်​က​ပေါ့။

Flash Back .........

ကျွန်​​တော်​ဟာ ရိုးရိုး​အေး​အေး​နေတဲ့ ​ကျောင်းသားတစ်​ဦးပါ။ ဘယ်​​လောက်​ထိ​အေးလဲဆို တက္ကသိုလ်​နောက်​ဆုံးနှစ်ေ်​ရာက်​​နေပြီ ခုထိရည်​စားမရ​သေးဘူး။ထားပါ....ဒါက ကျွန်​​တော်ရိုး​ကြောင်း​ပြောတာ။အဖြစ်​အပျက်​က ​ကျောင်းဆင်းတဲ့ အချိန်​မှာစတာ...........

" ချွတ်​ ချွတ်​"

တစ်​​ယောက်​​ယောက်​က သစ်​ကိုင်း​ခြောက်​ကို တက်​နင်းလိုက်​တဲ့အသံ။လက်​ကနာရီကြည့်​မိ​တော့ 6 : 30 ​မှောင်​ရီပျိုး​နေပြီ။ ​ရောက်​​နေတာက သရဲ​ခြောက်​ကြမ်းလှပါသည်​ဆိုတဲ့လမ်းမ​ပေါ်မှာ ဟိုဟိုဒီဒီ ကြည့်​မိ​တော့လည်း ဘယ်​သူမှမရှိ ။

Boy - ​ဟေ့ ! မင်းဒီကို ဘာလာလုပ်​တာလဲ?

Sehun - ဂလု

နောက်​​က​နေလှမ်း​အော်​​ပြောတဲ့လူကို လှည့်​​တောင်​မကြည်​ရဲပဲ ခပ်​သုတ်​သု​တ်​ ထွက်​လာခဲ့တယ်​။ ရုတ်​တရက်​​ရှေ့ကို လူတစ်​​ယောက်​ခုန်​ထွက်​လာတယ်​။ သက်​လယ်​ပိုင်း ဦး​လေးကြီးတစ်​​ယောက်​ပဲ။

Man - ​ကောင်​​လေး ! ဒီက​နေ မြန်​မြန်​သွား​တော့ ! ​နောက်​လှည့်​မကြည့်​နဲ့ မြန်​မြန်​!!!

ဘယ်​ကမှန်းမသိတဲ့ လူကြီးက ကျွန်​​တော့်​ကို ​သွေးရူး​သွေးတမ်းနဲ့ လာ​အော်​​ပြော​တော့ ​ကြောက်​စိတ်​က ပိုပြီးဆိုးသွားတယ်​။ကြောက်​​ကြောက်​နဲ့ သူ့နားကဖြတ်​​ပြေးမိ​တော့ အနီးကပ်​မြင်​မှ သိလိုက်​ရတာက သူလက်​မှာ ရှရာတစ်​ချို့ရှိ​နေတယ်​။ ​သွေး​တောင်​ထွက်​​နေတယ်​။

ကျွန်​​တော်​နှင့်​ မ​ကောင်းဆိုးဝါးဖမ်းသူမ​လေး ( ​ခေတ္တရပ်​နား )Where stories live. Discover now