Kai - " ရောက်ပြီ......."
Kai တံခါးဖွင့်ကာအရင်ဆင်းတာနဲ့ Sehun ပါလိုက်ဆင်းလိုက်တယ်။ကားပေါ်ကဆင်းဆင်းချင်း မြင်လိုက်ရတဲ့ မြင်ကွင်းက Sehun အတွက် မေးရိုးပြုတ်ကျချင်စရာ................
လူတစ်ရပ်လောက်ရှိတဲ့ ရပ်စောင့်နေတဲ့ ပုံစုံမျိုးထုလုပ်ထားတဲ့ မြေခွေးပုံရုပ်ထုတွေက တံခါးပေါက်ကြီးရဲ့ တစ်ဖက်တစ်ချက်မှာ.......အသက်ဝင်လှတဲ့ မျက်လုံးတွေက သူ့ကို စူးစိုက်ကြည့်နေတယ်လို့ ခံစားရတာနဲ့ Sehun ကြက်သီးတွေဖြန်းဖြန်းထသွားသည်။ပြောရမယ်ဆို သူတို့ရောက်နေတာက ပင်လယ်ကမ်းခြေမှာရှိတဲ့ တောင်ပေါ်မှာ ဆောက်ထားတဲ့ ဘုရားကျောင်းဆောင်ပင်ဖြစ်သည်။" ဝူး..........."
အရှိန်ပြင်းစွာမောင်းနှင်လာတဲ့ ဆိုင်ကယ်နှစ်စီးဟာ ဘုရားကျောင်းရှေ့မှာ ရပ်လိုက်တာနဲ့ Sehun မှ လွဲ၍ ကျန်တဲ့ သူတွေအားလုံးက အလိုမကျသလိုကြည့်နေကြသည်။
Xiumin - Kim Joung Dae ! ဆိုက်ထဲက ပြဿနာသွားဖြေရှင်းတာ အဲ့လောက်မကြာသင့်ဘူး ထင်တယ်။
Xiumin ဆိုင်ကယ်အနက်ကိုစီးလာသောကောင်လေးကို မျက်မှောင်ကြုံကြည့်ကာ ပြောလိုက်သည်။ ထိုကောင်လေးကတော့ ဆိုင်ကယ်ဦးထုပ်ကို သာယာစွာချွတ်ပြီး ခပ်ပြုံးပြုံးပြန်ကြည့်နေတယ်။
Joung Dae - အယ်.....ခေါင်းဆောင်လေးကလည်း ရဲရုံးချုပ်ကို Report တင်ရသေးတယ်လေ.......
Joung Dae ဆိုတဲ့ ကောင်လေးကတော့ သူ့ရဲ့ နှုတ်ခမ်းပါးတွေကို ကော့ညွတ်အောင်ပြောရင်း အူမြူးနေသည်။
Xing - Tao ဆိုတဲ့ ရဲမေလေးကို သွားပိုးတာလုပ်စမ်းပါ။
Xing အပြောကြောင့် Joung Dae မျက်နှာနီကာ သူဝတ်ထားတဲ့ ဂျာကင်ပေါ်က မရှိတဲ့ ဖုန်တွေကို ခါထုတ်နေတယ်။
Xiumin - Byun Baekhyun !
Xiumin ပြောလိုက်သည်နှင့် liner ကို ထူထူဆိုးထားတဲ့ ကောင်မလေးက နှုတ်ခမ်းစူကာ....
YOU ARE READING
ကျွန်တော်နှင့် မကောင်းဆိုးဝါးဖမ်းသူမလေး ( ခေတ္တရပ်နား )
RandomSehun - ဟမ် ! မကောင်းဆိုးဝါးတွေကို နှိမ်နင်းရမယ်။ကျွန်တော်က တက္ကသိုလ်တက်နေတဲ့ ရိုးရိုးကျောင်းသားလေးပါဗျာ။လာမနောက်ပါနဲ့ဗျာ။ Xiumin - ကံကြမ္မာက ရှင့်ကိုရွေးချယ်ခဲ့တာ Oh Sehun ။ Hunter အဖွဲ့ရဲ့ ခေါင်းဆောင်အနေနဲ့ ရှင့်ကို အဖွ...