♥️HunHan Everyday♥️
HunHan ချစ်သူများရှင့်...
Xiao Lu Seoulရောက်နေတာအားလုံးဘဲ သိကြမှာပါ😉မနှစ်V dayမတိုင်ခင်တုန်းကလည်း ရောက်လာသေးတယ်~ ဒီနှစ်လည်း ရောက်လာပြန်ပြီဆိုတော့ကား...🤔
ပြောရရင်တော့ ချစ်ရသူက Koreaမှာရှိနေလို့ လို့ဆိုရမှာပေါ့နော့😌
ဘယ်သူလဲဆိုတာတော့... ?¿ မပြောလည်း သိကြမယ်ထင်ပါတယ်😂
ကဲ... ဒါဆိုရင်လည်း သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေး အခုဘဲ စလိုက်ကြရအောင်လား😆
-
~ချစ်သူများနေ့အတွက် ချစ်ရသူထံအရောက်လာတဲ့ Luhanဆိုသော ကောင်လေးတစ်ယောက်အကြောင်း...
😋😌For Valentine Day (170207)
ဖေဖော်ဝါရီ ၇ရက်နေ့သို့ စတင်ကူးပြောင်းကာစ သန်းခေါင်ကျော်အချိန်လောက်မှာဘဲ ကောင်လေးတစ်ယောက် သူနေတဲ့Beijingမြို့ကြီးကနေ Korea Seoulမြို့သို့ရောက်ရှိလို့လာပါတော့တယ်~
Airportမှာ Fanအချို့ကို နှုတ်ဆက်ကာ လာကြိုတဲ့ ကားအနက်ကြီးပေါ်တက်ပြီး airportကနေ ထွက်ခွာလို့လာခဲ့တယ်~
ထိုကောင်လေးကို တင်ဆောင်သွားတဲ့ ကားနက်ကြီးရဲ့ ဦးတည်ရာကတော့.....
ထိုအချိန်လေးမှာဘဲ ရောက်လာတော့မယ့် တစ်ယောက်သောသူကို ဂနာမငြိမ်စွာနဲ့ စောင့်လို့နေတဲ့ ကောင်လေးတစ်ယောက်လည်း ရှိနေခဲ့တယ်~
Sehunတစ်ယောက် ထိုင်ရမှာလိုလို ထရမှာလိုလိုနဲ့ အခန်းလေးထဲ တစ်ယောက်ထဲ ယောက်ယက်ခတ်လို့နေရသည်။ နောက်တော့လည်း ဆိုဖာပေါ်ထိုင်ချလိုက်ရင်း ရင်ခုန်စွာနဲ့ဘဲ ချစ်ရသူလေးကို စောင့်နေလိုက်တော့သည်။
တကယ်ဆို airportထိလိုက်ပြီးတော့ကို ကြိုချင်မိတာပေါ့~
ခဏကြာတော့လည်း ငြိမ်ငြိမ်ထိုင်မနေနိုင်တာနဲ့ ဟိုလျှောက်ဒီလျှောက် လျှောက်နေမိချိန် တံခါးဖွင့်သံနဲ့အတူ...
"Sehunnie!!!"
Sehunnieဟုအော်ကာ ပြေးလာတဲ့အရိပ်လေး...
နောက်တော့ ပြေးဖက်ခုန်အုပ်ခံလိုက်ရတာဘဲသိကာ နှစ်ယောက်သား ဘေးကဆိုဖာပေါ်ကျလို့သွားရသည်။
ဘေးနားဆိုဖာရှိနေလို့သာပေါ့-_-
ဒါပေမယ့်လည်း သူ့ကိုဖက်လျက်နဲ့အပေါ်ကနေ တက်ဖိနေတဲ့ဟာလေးကြောင့် သိပ်တော့မသက်သာလှ~
အပေါ်ကနေ ပြုံးစိစိနဲ့ သူ့မေးစိချွန်ချွန်ကို အနမ်းတစ်ပွင့် လာလို့ပေးသေးသည်။
"Lu"
ထို့နောက်မှာတော့ အခန်းလေးထဲ အချစ်ငှက်နှစ်ကောင်ရဲ့ တီတီတာတာ စကားလေးများကြီးစိုးလို့လာတော့သည်။
မှောင်မိုက်နေချိန်ကာလ ထိုညမှာတော့ မီးလင်းကာနေတဲ့အခန်းလေး တစ်ခန်း ရှိလို့နေခဲ့သည်ဆိုတာ.....
♥️♥️♥️
ကဲကဲ... ဒီမျှသာ....
ဘာတေဆက်ဖြစ်ကြတယ်ဆိုတာကိုတော့ ကိုယ့်ဖာသာ ဆက်တွေးလိုလျှင် ဆက်တွေးနိုင်ပါသည်။😂၇ရက်နေ့ မနက်ခင်းရဲ့ ဇာတ်လမ်းလေးလည်း လာပါဦးမယ်နော်😁
***HunHan is more than real***
Thanks For Reading,
90* Bow
