သို့...............ပင်လယ်
Birthday Plan နဲ့ပတ်သက်ပြီး
ကိုယ် ဘာတစ်ခုမှခမ်းခမ်းနားနား မလုပ်ပေးနိုင်တဲ့အတွက်
တောင်းပန်ပါရစေ ပင်လယ်ရေ။ပင်လယ့်အတွက် မွေးနေ့အလှူအနေနဲ့ ဘုရားမှာ ကိုယ်တတ်နိုင်တဲ့အလှူငွေပမာဏတခုကို လှူပေးမယ်။
ဘုရားပန်း ဆီမီးလှူပေးမယ်။ရေသပ္ပါယ်ပြီး ပင်လယ့်အတွက် ကျန်းမာရေးကောင်းဖို့ရယ် အနုပညာလမ်းကြောင်းမှာ အခက်အခဲမရှိ အောင်အောင်မြင်မြင်လျှောက်လှမ်းနိုင်ဖို့ရယ် စိတ်ချမ်းသာမှုတွေပဲရနိုင်ဖို့အတွက် ကိုယ်ဆုတောင်းပေးမယ်။ကိုယ်ပေးနိုင်တဲ့ မွေးနေ့လက်ဆောင်က Saint Laurent တို့
Cartier တို့မဟုတ်ပေမဲ့ မင်းအတွက် စေတနာ မေတ္တာအပြည့်အဝနဲ့ လုပ်ပေးထားတယ် ပင်လယ်။
ကိုယ် ဒီလောက်ပဲတတ်နိုင်တဲ့အတွက်လဲ မင်းကိုအားနာမိတယ် ပင်လယ်။တကယ့်ကို တောင်းပန်ပါတယ် ပင်လယ်။ချစ်တယ်လို့သာ ပြောနေပေမဲ့ လက်တွေ့မှာ မင်းအကျိုးဖြစ်ထွန်းစေမဲ့အလုပ်တွေ ကိုယ်မလုပ်နိုင်သေးဘူး။ကိုယ် အတတ်နိုင်ဆုံးကြိုးစားပါ့မယ် ပင်လယ်။#Just_A_Fangirl
#VVHL
YOU ARE READING
သို့.....................ပင်လယ်
Non-Fictionပင်လယ့်ကိုပြောပြချင်ခဲ့တဲ့အကြောင်းအရာတချို့ စကားလုံးတစ်ချို့................................................