ဘယ်သောအခါမှ ကိုယ့်လူဖြစ်လာမှာ မဟုတ်တဲ့လူတယောက်ကိုချစ်ရင်း ပျော်ရွှင်နေရခြင်းကို
မင်းသိပါ့မလား ပင်လယ်???
ဘယ်သောအခါမှ ကိုယ့်ကိုလှည့်ကြည့်ပေးမှာ
မဟုတ်တဲ့ ကျောပြင်တစ်ခုကို ငေးကြည့်ရင်း
ပျော်ရွှင်နေပါတယ်ဆိုရင် ကိုယ့်ကို ရူးနေတယ်
လို့များ သတ်မှတ်မလား ပင်လယ်???
ဘယ်သောအခါမှ ကြားနိုင်မှာမဟုတ်တဲ့ "ချစ်တယ်" ဆိုတဲ့စကားကို အထပ်ထပ်ရေရွတ်ရင်း
ကိုယ်ပျော်ရွှင်နေတာ မင်းမြင်နိုင်ပါ့မလား ပင်လယ်???
မေတ္တာပေးတိုင်း မေတ္တာပြန်ရတတ်တယ်တဲ့
အလျားအနံမရှိပေမဲ့ အသွားအပြန်တော့ရှိပါ
တယ်ဆိုရင် ကိုယ်ဟားတိုက်ပြီးရယ်မောလိုက်မယ် ပင်လယ်။အသွားသာရှိပြီး ဘယ်တော့မှ
ပြန်မရနိုင်တဲ့ မေတ္တာတွေ တပွေ့တပိုက်
နဲ့မိန်းမတယောက်ကတော့ အခုထိ ပျော်ရွှင်နေဆဲပဲ............................
YOU ARE READING
သို့.....................ပင်လယ်
Non-Fictionပင်လယ့်ကိုပြောပြချင်ခဲ့တဲ့အကြောင်းအရာတချို့ စကားလုံးတစ်ချို့................................................