ပင်လယ်ထံ ဝန်ခံချက်

17 1 0
                                    

ကိုယ်ပွင့်လင်းစွာ ဝန်ခံပါတယ် ပင်လယ်
ကိုယ် ဒီတနှစ်အတွင်းမှာ မင်းကိုပစ်ထားမိခဲ့တယ်
တနှစ်လောက်နီးပါး မင်းကိုစိတ်ဆိုးရင်း မင်းကို
အရွဲ့တိုက်ရင်း မင်းနဲ့ပတ်သက်သမျှကို လျစ်လျူရှု
ထားခဲ့မိတယ်။ကိုယ် ရုန်းထွက်ချင်ခဲ့တယ် ပင်လယ်။ကိုယ် ရုန်းထွက်ဖို့ အကြိမ်ကြိမ်အခါခါ
ကြိုးစားဖူးပါတယ်လို့များပြောရင် မင်းစိတ်ဆိုးနေမလား ပင်လယ်။ကိုယ် မထွက်သွားနိုင်ခဲ့ဘူး။ကိုယ် မင်းကိုထားပြီး ထွက်
သွားဖို့ဆိုတာ လုံးဝကိုမဖြစ်နိုင်ခဲ့ဘူးထင်ပါရဲ့
နာကျင်ရမယ်မှန်းသိနေရက်နဲ့ မီးဆိုတာပူမှန်း
သိပါရက်နဲ့ မိုက်မဲခဲ့မိတဲ့ ပိုးဖလံလိုဘဝမျိုးကို
ကိုယ် လက်မလွှတ်နိုင်ခဲ့တာပါ ပင်လယ်

သို့.....................ပင်လယ်Where stories live. Discover now