Chapter 8

10.7K 683 9
                                    

သီချင်းကြိုက်တတ်ရင်mediaကသီချင်းလေးကို repeatလုပ်ပြီးနားထောင်ကြည့်ပါလားလို့
အဲ့သီချင်းလေးတော်တော်ကောင်းတယ်

5 years later............

နက်ခ်တိုင်ကိုခပ်လျော့လျော့ဖြေလျှော့လိုက်တဲ့ လူငယ်တစ်ဦး

တစ်နေ့တာ ကြုံခဲ့ရတဲ့ ပြဿနာတွေက များလွန်းလှသည်

အရင်ကနီစွေးစွေးတစ်မျိုး အဖြူရောင်တစ်ဖုံ ကာလာစုံခဲ့သော ဆံနွယ်တို့မှာမူ အခုတော့ တိကျသပ်ရပ်သောအနက်ရောင်ပုံစံနဲ့ ခပ်တိုတို

အရင်ကဆေးလိပ်ကိုလက်ကသိပ်မချဖြစ်သောသူ့လက်ထဲမှာတော့ အမြဲလိုလို စာရွက်စာတမ်းတွေ ငွေစာရင်းတွေနဲ့ ရှုပ်ရှတ်ခတ်လို့

အရင်ကအမြဲလိုသောက်ဖြစ်ခဲ့တဲ့ အရက်ခွက်အစား အကျရည် ကော်ဖီခါးခါးကနေရာယူလာသည်

အမြဲလိုကျင်လည်ကျက်စားဖြစ်တဲ့ကလပ်တွေ ဘားတွေနေရာမှာ meeting roomနဲ့ သူ့ရဲ့ရုံးခန်းကိုပေးရတဲ့ အချိန်က နေရာယူလာသည်

အရင်က ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်
သူဟုဆိုလျှင်ယုံဖွယ်မရှိ
သူ့အနားရှိမိန်းကလေးများပင်
သူ့မျက်နှာခန့်ချော့ကိုမထောက်ထားအားပဲ
လူ့ဂွစာကြီးဟု နှာခေါင်းရှုံ့ကြသည်

ဟုတ်ပါတယ် အဲ့ဒါ Park Chanyeolပါ
Baekhyunမရှိတော့တဲ့ နောက်ပိုင်းသူ
အရမ်းပြောင်းလဲသွားခဲ့တယ်
ဘယ်မိန်းကလေးကိုမှ စိတ်မဝင်စားပဲ
သူ့မိဘအလုပ်တွေကိုပဲကူညီရင်းဖိလုပ်နေခဲ့တယ်

တစ်ဖက်ကလည်းBaekhyunကိုရှာနေရင်း
"ပျောက်သောသူရှာရင်တွေ့တယ်"တဲ့
သူ့အတွက်ကတော့ Baekhyunဟာ မနေ့တစ်နေ့ကလိုပဲ သူ့ရင်ထဲမှာ
မပြောင်းမလဲရှင်သန်ဆဲပါ

နှစ်တွေ ဒီလောက်ကြာခဲ့ပေမဲ့
သူ့လက်ထဲမှာ မျှော်လင့်ချက်ကောက်ရိုးတစ်မျှင်အထိ ကိုင်ဆွဲထားဆဲပါ

ဒါပေမဲ့ ကလေးရယ်
မင်းဘယ်မှာများပုန်းနေလဲကွာ
ကိုယ်ရှာရတာ မောလှပြီ

🌹My Spoilt Lover🌹Where stories live. Discover now