နှာခေါင်းထိပ်လေးကိုဆွဲဖျစ်လိုက်တော့
အိပ်မှုန်စုတ်ဖွားရုပ်လေးနဲ့ထလာသည်
ဆံပင်လေးတွေက စုတ်ဖွာနေတာ ခွေးပေါက်လေးလို"ထတော့ ရုံးသွားရမယ်လေ ဒီနေ့ပဲ"
"အွန်း အင်း အင်း"
"ငါးမိနစ်""မရဘူး နောက်ကျလိမ့်မယ် ပထမဆုံး အလုပ်ဆင်းမဲ့နေ့မှာ အချိန်မလေးစားဘူး ထင်ကြမှာပေါ့"
"Yeolကသူဌေးပဲ ဟာကို ဘာကိုစိတ်ပူရမှာလဲ?"
"aigoo အဲ့လိုဆိုပြီး အပျင်းထူလို့ရမယ်ထင်လို့လား ကိုယ့်ထက်ရာထူးကြီးတဲ့သူတွေရှိတယ်
ဒါတွေ အားလုံး ကိုယ့်ဖေဖေ ပိုင်တာ
ကိုယ်က သူဌေးသား သူဌေးမဟုတ်ဖူး""နားညည်းတယ် ထပြီကွာ"
"ဆက်အိပ်လို့ရမှာလဲ မဟုတ်ဖူး""လိမ္မာပါတယ်ကွာ ကလေးက ထထ ကိုယ်မနက်စာပြင်ပေးမယ်လေကွာ"
"မစားဘူး"
"စားပါကွာ ကလေးကလဲ မနက်စာ စားမှ
အားရှိမှာပေါ့"
_________________________________"မင်္ဂလာပါ ဂျပန်ရုံးခွဲကပြောင်းလာတာပါ Makoto Yuuki လို့ခေါ်ပါတယ်
အားလုံးပဲ တွေ့ရတာ ဝမ်းသာပါတယ်
လိုအပ်ချက်တွေများလို့ ကူညီပေးကြပါ"ကလေး နေ့လည်စာ တူတူစားရအောင်
ကိုယ်လာခေါ်မယ် စောင့်နေနော်အစကတော့ အရသာရှိတာတစ်ခုခု သက်သက်ထွက်စားမယ်လို့ စိတ်ကူးထားပေမဲ့ တကယ်တမ်း အလုပ်တွေ အရမ်းရှုပ်လို့ ရုံးနားကဆိုင်မှာပဲ သူတို့ စားဖြစ်သည်
"ကလေး ပင်ပန်းနေပြီလား ပထမဦးဆုံးနေ့ အလုပ်တွေ အရမ်းခိုင်းနေမိသလို ဖြစ်သွားတယ်"
"ရပါတယ် အဲ့လောက်ကတော့ အထွေ အထူး မဟုတ်ပါဘူး"
Yeol၏အမေးကို အဖြေမပြတ်သော်လည်း
လက်ကတော့ ဖုန်းနှင့်မပြတ်တတောက်တောက်နဲ့ စာရိုက်နေတာ မို့ Yeolသိပ်ပြီး ဘဝင်မကျလှ
အစားအသောက်တွေ လာမချခင်မှာကို ဖုန်းနဲ့ လက်က အမျှင် မပြတ်ပဲတဒေါင်ဒေါင်မြည်နေတဲ့ အသံတွေကြောင့်
တစ်ယောက်ယောက်နဲ့စကားပြောနေမှန်းသိသာစေသည်
ပြီးတော့ ဟိဟိ ဟိဟိနဲ့ ရယ်နေသေးတာ
ဘာတွေ သဘောမနောခွေ့နေလဲ မသိ
DU LIEST GERADE
🌹My Spoilt Lover🌹
Romantik~Park Chanyeolဆိုတဲ့ ခပ်ဆိုးဆိုးအထက်တန်းကျောင်းသားလေး တစ်ချိန်ကသူကိုယ်တိုင်ငြင်းပယ်ခဲ့တဲ့ ပုံတုံးတုံးကောင်လေးByun Baekhyunရဲ့အချစ်ကို အလောင်းအစားလေးတစ်ခုကြောင့် တစ်ပတ်အတွင်း ပြန်လည်ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားတဲ့အခါမှာ~ (Chanbaek *Yaoi* Rated-M)