Chapter 10

10.9K 727 18
                                    

"ဒါဆို အဲ့ကောင်လေးက Baekhyunပေါ့"

"ငါ့ဘက်ကတော့လုံးဝသေချာတယ်"

"ဟုတ်မှလည်း လုပ်ပါ Yeolရာ"

"မသိဘူးကွာ ငါ့စိတ်ထဲမှာ သူကလုံးဝBaekပဲ တော်တော်များများကို ဆက်စပ်တွေးကြည့်ရင် Baekဆိုတာ လုံးဝသေချာတယ်"

"ပြီးတော့ လူကသာဘူးခံငြင်းနေတာ
အစ်အောက်မေးကြည့်ရင် အကုန်ပေါ်မှာ"

"အခု သူကဘာတဲ့ လဲ"

"သူဘာမှမတတ်နိုင်ဘူးလေ သန်ဘက်ခါသူSeoulကိုရောက်လာတော့မှာ
projectကတစ်လခွဲအပြင်ပိုမကြာနိုင်ပေမဲ့ ဒီကိုရောက်လာပြီးမှတော့ ငါကသူ့ကို လက်အလွှတ်ခံပါ့မလား စဉ်းစားကြည့်"

"ဟုတ်ပါတယ် ဒါနဲ့ မင်း"

"ဒါပေမဲ့"

"သူ့ကို အတင်းအကြပ်ဖိအားပေးခဲ့တာလား"

"ချောင်ပိတ်ပြီး ဖမ်းလို့ရမဲ့ အခြေအနေမျိုးတော့ ဖြစ်အောင် လုပ်ခဲ့တာအမှန်ပဲ အဲ့ဒါကအရေးမကြီးပါဘူး"

"အရေးကြီးတာ ငါသူ့ကို ပြန်ပိုင်ရဖို့ပဲ"

"မဟုတ်သေးဘူး Chanyeol
မင်းမမှတ်မိဘူးလား?
သူကိုယ်တိုင် မင်းနားကနေ အဝေးဆုံးကို ထွက်သွားခဲ့တာလေ

သူလည်းတော်တော် စိတ်ဒဏ်ရာရခဲ့မှာပဲ
အခုသူ့ကို အတင်းဆွဲခေါ်နေတာက စိတ်ဒဏ်ရာရအောင် လုပ်နေသလိုမျိုး ပိုမဖြစ်စေဘူးလား

ပြီးတော့ သူ့ဟာသူ အသားကျအောင် မနည်းကြိုးစားခဲ့ရရှာမှာ

မင်း သူ့ကို မသနားဘူးလား"Kaiရဲ့အမေးကို Yeolကတွေဝေသလိုခဏစဉ်းစားရင်း

"ငါသိတာက ငါသူ့ကို ချစ်တယ်
သူ့ကို ပြန်ပိုင်ဆိုင်ချင်တာပဲ ငါသိတယ်
ငါ့အမှားအတွက် တောင်းပန်မယ်
ပြန်ပေးဆပ်မယ်
သူလည်း ငါ့ကို ချစ်နေသေးတာပဲ
ငါသိတယ်"

"မင်းအဆင်ပြေရင်လည်းပြီးတာပါပဲကွာ"Hunကနောက်ကနေဝိုင်ခွက်ကိုင်ရင်းရောက်လာပြီး

"Cheers
ငါးနှစ်ကြာအောင် ရှာခဲ့ရတဲ့ ချစ်သူကိုပြန်ရှာတွေ့တဲ့ အထိမ်းအမှတ်အနေနဲ့"

"Cheers"
သုံးယောက်လုံး ရဲ့ ဖန်ခွက်ချင်းထိခတ်သံတွေ ထွက်ပေါ်လာသည်

🌹My Spoilt Lover🌹Where stories live. Discover now