👦Arjushi👦😉

5.3K 476 3
                                    

ဧည့်ခန်းထဲခေါက်တုံ့ခေါက်ပြန်လျှောက်နေတဲ့
Appaကိုကြည့်ရင်း xiao lu မူးတောင်လာပီ
ဒေါသအရှိန်နဲ့မျက်နှာကြီးက ရဲရဲကိုနီလို့ ပါးစပ်ကလည်းတဗျစ်တောက်တောက် ဘာနဲ့တူနေပါလိမ့်..နေဦး ..Angry bird! ဟုတ်တယ် AppaကAngry birdကြီးကြနေတာပဲ ဟီးဟီး

အဖေက ဒေါနဲ့မာန်နဲ့ပြောနေတာကို သားဖြစ်သူ ရုပ်ကပြုံးဖြီးဖြီးဖြစ်နေတာကိုမြင်လေသောအခါ
"Xiao lu"
"ခင်ညာ"

"ဘာရယ်နေတာလဲ"
"Angry bird အာ ဟုတ်ဘူး မျက်နှာညောင်းလို့အကြောလျော့နေတာပါ..အီ..အို...အာ.."

နှုတ်ခမ်းကိုစုလိုက်ကျယ်လိုက်ဖြင့်လေကျင့်ခန်းလုပ်ပြလိုက်တော့ ဒိုင်းခနဲကျလာတဲ့Appaမျက်စောင်း

"မင်းလည်းကျပ်ကျပ်သတိထား ပညာသင်နေချိန် ရှုပ်ရှုပ်ယှက် ယှက် ဘာမှမကြားချင်ဘူး"

"ဟုတ်ကဲ့ (ဟင့် Arjushi)"

ဘေးမှာထိုင်နေတဲ့ Kaiခမြာလည်းငြိမ်ကုပ်လို့....ဧည့်သည်လာလုပ်မိတာမှားပီလားလို့တွေးနေလားမသိ

Yi Fan.." တောက် ဒါငါ့ကို သက်သက်မဲ့အရှက်ခွဲသွားတာ ကန့်ကွက်နေတာလဲမဟုတ်ပဲ လိုက်ပြေးရတယ်လို့"

Tao.."အဲ့ဒါရှင့်အပြစ်ပဲလေ သဘောတူရင်လည်း အစတည်းကပေးစားလိုက်ပါတော့လား တစ်နှစ်လည်းမဟုတ် နှစ်နှစ်လည်းမဟုတ်..ရှင့်သမီးအသက်က27ကျော်နေပီရှင့် လိုက်သွားတော့လည်းအေးတာပဲ"

Yi Fan.."မသိဘူးကွာ မသိဘူး ငါလက်မခံဘူး"

Tao.."သမီးကို သူစိမ်းတွေကြားမျက်နှာငယ်စေချင်လို့လား"

Yi Fan.."မတတ်နိုင်ဘူး သူ့စိတ်တိုင်းကျလုပ်သွားတာပဲ သူ့ထိုက်နဲ့သူ့ကံပဲ"

Tao.." Yeobo💥"

Yi Fan.."ဆက်မပြောနဲ့တော့ လိုက်ရှာစရာလည်းမလိုဘူး အဆက်သွယ်လုပ်စရာလည်းမလိုဘူး ငါဒါပဲပြောမယ်"

Appaလှည့်ထွက်သွားလေပီ

Taoကတော့ဘာမှပြောခွင့်မသာပဲဆွေ့ဆွေ့ခုန်ကျန်ရစ်ခဲ့လေသည်

Tao.."Wu Yi Fan ရှင်တော့နော် ကိုယ်ချင်းမစာမနာ ."

ဟုတ်တယ်လေ Taoတုန်းကလူမျိုးမတူလို့ နှစ်ဖက်မိဘကန့်ကွက်နေတဲ့ကြားက Yi Fan ခေါ်ရာဇွတ်လိုက်ခဲ့တာ နှစ်ယောက်သား ဘယ်လောက်တောင် ရုန်းကန်ခဲ့ရလဲ ..

Arjushi👨Where stories live. Discover now