👨Arjushi👨

6K 479 2
                                    

အချိန်တွေကုန်တာမြန်လိုက်တာ ဘာလိုလိုနဲ့ xiao luတို့စာမေးပွဲကြီးဖြေနေရပီ
ဒီရက်ပိုင်းArjushiနဲ့တောင် မတွေ့အားဘူး စာတွေကြုံးရုန်းလုပ်နေရလို့..

xiao luတို့အုပ်စုကဒီလိုအချိန်ဆို သိပ်စည်းလုံးတာ အာကြိုးမာန်တတ် ဧည့်ခန်းမှာဝိုင်းဖွဲ့ပီးကိုစာလုပ်ကြတာ နဖူးမှာ ပဝါဖြူတွေစည်းလို့.. အမြဲငိုက်နေတဲ့ Layတောင် မျက်လုံးမျက်ဆန်ကိုပြူးလို့
ဟိုနားကားကလည်း စာတစ်ပုဒ်တွက်လိုက် ဆံပင်ကိုဖွလိုက်နဲ
ငှက်သိုက်ခေါင်းဖြစ်နေပီ

Yeol.."တောက် ပုဒ်စာတစ်ပုဒ်တွက်ရတာ ၁၀မိနစ်လောက်ကြာတယ် အာရုံစူးစိုက်အားသိပ်မကောင်းဘူး မဖြစ်သေးဘူး  ဟဲဟဲ ..xiao lu ah"

Luhanအကြည့်တို့က ဒိုင်းခနဲ.......သိနေတယ်
ဒီကောင် ရေခဲသေတ္တာထဲက ကြက်ပေါင်းရည်ပုလင်းကို မျက်စောင်းထိုးနေတာ ဟွန်း အာ့ Xiao Luဖို့ Arjushi ကိုယ်တိုင် ပါကင်လိုက်လာပေးသွားတာ စားမေးပွဲမဖြေခင်အားဆေးလည်းသွင်းပေးထားသေးတယ်
အာ့ကြောင့်xiao lu တတ်ကြွ လန်းဆန်း ဖလန်း ဖလန်းဖြစ်နေတာပေါ့ ခိ

Lu.." ဟွန့် များနေပီနော်  ..သွားယူ"
Yeolတဟီးဟီးနဲ့ ထသွားတော့ ဟိုနှစ်ကောင်ကပါ မျက်နှာငယ်လေးနဲ့ကြည့်လာတယ်..ဟွင်း

Lu.."ya..သုံးပုလင်းယူလာခဲ့ ..."

Yeol.."အေး အေး"
အဲ့xiao luဘဲကြီးကလေ တကယ့်ကိုလက်ပေါက်ကပ်တယ် သူ့ဟာလေးအတွက်ပဲသူသိတယ် အရင်ကကိုယ်တွေနဲ့သိပ်မရင်းနှီးလို့ထားပါ
ခုဟာက သူ့ချစ်သူရဲ့အရင်းနှီးဆုံးငယ်ချင်းအဆင့် ပြောရမယ်ဆို တအိမ်တည်းသား မိသားစုဝင်အဆင့် အာ့တောင် နဲနဲပါးပါး မျက်နှာလုပ်ပီးကျွေးမွေးမယ်မရှိဘူး

ဟိုခလေးမတာလေးကလည်းသူ့ဟာဆို သိပ်သိတတ် ခုတောင်ဘယ်နှပုလင်းရှိလည်း ရေထားတာ ခိုးသောက်လို့မရဘူး တစ်ပုလင်းလောက်ပျောက်ကြည့်ပါလား
တီကောင်ဆားထိသလို ထွန့်ထွန့်လူးနေမှာ
ဟင်း တွေ့မယ် ဒင်းတို့မင်္ဂလာဦးညကြမှ သတို့သားကို ဝှက်ပစ်ဦးမယ်...

........................

"Woo ..ကျွတ်ပီ လွတ်ပီကွ"
စာမေးပွဲနောက်ဆုံးနေ့ ကျောင်းဝင်းထဲက ခုန်ပေါက်ထွက်လာကြတဲ့ အုပ်စု..
xiao luတော့မပျော်နိုင်ပါ စာမေးပွဲပြီးတာနဲ့ အိမ်ပြန်ရတော့မှာ Arjushiနဲ့မခွဲချင်ဘူး 😭 ချစ်လို့တောင်အားမရသေးဘူး ခဏတာ  ခွဲရဦးမယ်

Arjushi👨Donde viven las historias. Descúbrelo ahora