Part-6

27 7 0
                                    

အပိုင်း၁အခန်း၅အဆက်
__________________________

သန့်စင်ခန်းကို မေးမြန်းပြီး အကျီလဲလိုက်တော့ ခေါက်ဆွဲပြုတ်အရည်တွေပေနေတာကို မမြင်ရ တော့လောက်အောင်ရှည်နေတဲ့အကျီလေးက. ချစ်ဖို့ကောင်းနေသလို
ပိုင်ရှင်လေးကလည်း အဟိ

တွေးနေရင်းမေသွေးခေါင်းခါပစ်လိုက်သည်
ဆူးငယ်ကိုသွားရှာမယ် ဘာဆက်လုပ်ရမလဲမေးမယ်
ဆိုပြီး တတိယအထပ်ကို မေသွေးဆင်းလာခဲ့လေသည်

ဆူညံနေတဲ့ Dancing Rooms တွေတခန်းပြီးတခန်း လိုက်ရှာရင်း နောက်ဆုံးအခန်း မှာတော့ မှန်တိုက်နေတဲ့ ဆူးငယ် ကိုတွေ့ပါပြီ

"ဟိတ်"

နောက်နေလှန့်လိုက်ပြီး သိုင်းဖက်လိုက်တဲ့ မေသွေး ကို သေချာကြည့်ပြီး

"လန့်သွားတာပဲ ဘယ်လိုလဲအဆင်ပြေလား "

"အွန်း နည်းနည်းတော့လွဲတယ် ငါ idolတယောက်ရဲ့ ဖိနပ်ကို အဝတ်စုတ်နဲ့သုတ်မိလို့ အဆူတော့ခံခဲ့ရတယ် "

"ဘယ်idol လဲ "

"သိဘူးလေ လေးလွှာမှာ ရိုက်နေကြတာ ခပ်ချောချောပဲ အော်လိုက်တာလည်းလိပ်ပြာလွင့်မတက်ပါပဲဆူးငယ်ရယ် "

မေသွေး ပြောလည်းပြောသက်ပြင်းလည်းချရင်း ချက်ချင်းဆိုသလို ဆူးငယ်လက်ထဲက အဝတ်ကိုယူပြီး ကူလုပ်ပေးဖို့ပြင်လေသည်

"ဟဲ့ မေသွေး"

"ရှင်"

"နင့်အကျီကလာတုန်းက အဲ့အကျီမဟုတ်ဘူးလားလို့"

"အမ်"

"အင်း ဟုတ်တယ် "

ဆိုပြီး မေသွေးဖြစ်သမျှအကုန်ပြောပြလိုက်သည်

"မေသွေးရယ် ငါတောင်းပန်ပါတယ် နောက်ဆို သူတို့နဲ့ဝေးဝေးနေပါဟယ် "

"ငါသွားတာမှမဟုတ်တာ သူတို့ခေါ်လို့သွားရတာလေဟာ"

"မဟုတ်ဘူး ငါပြောတာအဲ့ဟာမဟုတ်ဘူး"

"နင်ဒီအကျီယူလာတာကိုပြောတာ အဲ့လိုလုပ်လို့မဖြစ်ဘူး နင်ရောငါပါ အလုပ်ပြုတ်ကိန်းရှိတယ် "

"ငါပြောတာနားလည်လား"

"ဟုတ် "

ခေါင်းသားညိမ့်လိုက်သည် မေသွေးတယောက်အူကြောင်ကြောင်

ကမ်းလင့်​လက်​က​လေးတဖက်​ Where stories live. Discover now