Part-12

59 10 1
                                    

အပိုင်း၂အခန်း၁၁
_______________
ဘေးပတ်ဝန်းကျင်ဂရုစိုက်မနေတော့ပဲ Jb မေသွေးခန္ဓာကိုယ်လေးအား တင်းတင်းဖက်ထားရင်း

"ရှာလိုက်ရတာဟာ ငါနင့်ကိုမတွေ့တော့ဘူးထင်လို့ "

တုန်ရီနေသောအသံတို့ဖြင့် Jb ပါးစပ်မှ သတိလက်လွတ်ထွက်နေလေတော့သည်

ကြောင်တောင်တောင်နဲ့မေသွေးတယောက် jb ရဲ့ မောနေတဲ့ နှလုံးခုန်နှုန်းကိုအတိုင်းသားကြားနေရတဲ့အထိ

မျက်လုံးအပြူးသားနဲ့
နောက်မှပြေးလိုက်လာသော ဘမ်းဘမ်းတယောက် အေးခဲနေတဲ့ဆောင်းရာသီကြီးမှာအနွေးတောင်မဝတ်နိုင်လောက်အောင် ဇောချွေးပြန်နေ့သည့်အလား ပြေးတက်လာသည့်အချိန်မှာတော့ ဘမ်းဘမ်းရဲ့မမျော်လင့်ထားသောမြင်ကွင်းတခုက

"ဘုတ်"

ဘမ်းဘမ်း လက်ထဲကအနွေးထည်လေးပြုတ်ကျသွားသည့်အသံကြောင့် jb အသိပြန်ဝင်လာသည်

ချက်ချင်းမေသွေးကိုဖယ်ပြီး ရုပ်တည်ကြီးနဲ့

"မင်းတော်တော်ဒုက္ခပေးတယ် မင်းကြောင့် ငါတို့အစည်းအဝေးနောက်ကျတော့မလ"ို့.

"လုပ်လိုက်ရင် ဘာတခုမှအဆင်မပြေဘူး "

မင်းကြောင့် မင်းကြောင့် မင်းကြောင့် ပေါင်းများစွာခေါင်းစဉ်တပ်ပြီး မေသွေးအား တရစပ်ပြောပြီး Jb Meetingroom ဘက်သို့ထွက်သွားလေသည်

ဘာတခွန်းမှပြန်မပြောဘဲ မျက်လွှာသာချထားသောမေသွေး အနာကို ဘမ်းကပ်လာပြီး

"အရမ်းကြောက်နေလား Hyung ပြောတာတွေကိုစိတ်ထဲမထားပါနဲ့ "

"ငါတို့ နင့်ကြောင့် တကယ်ပြသနာတက်တော့မလိုဆိုပေမယ"့်

"နင့်ဘာမှမဖြစ်ဘဲပြန်ရောက်လာတာကိုပဲကျေးဇူးတင်ပါတယ် "

"နောက်မှတွေ့မယ်နော် "

ပြောပြီးဘမ်းဘမ်း လေးလံသောခြေလှမ်းများနှင့် jb နောက်သို့လိုက်သွားလေတော့သည်
________________/\__________________
မနက်ဖြန်သွားမည့်ခရီးစဉ်အတွက်ပြင်ဆင်သင့်တာပြင်ခဲ့ပေးပြီး မနက် ၄နာရီမှာထသွားမယ့် Airport အတွက်မေသွေးအိမ်ခနပြန်ကာ လိုအပ်တာတွေထည့်ရလေသည်

You've reached the end of published parts.

⏰ Last updated: Mar 12, 2017 ⏰

Add this story to your Library to get notified about new parts!

ကမ်းလင့်​လက်​က​လေးတဖက်​ Where stories live. Discover now