Part-7

27 8 0
                                    

အပိုင်း၁အခန်း၆အဆက်
______________________

လက်တဖက်ကို တစ်စုံတဦးက အခိုင်အမာလှမ်းဆွဲလိုက်ပေလို့ ယိုင်ကျသွားတဲ့ မေသွေးတယောက် တစုံတဦးရဲ့ ရင်ခွင်ထဲမှာ ခွေခွေလေး  ....

"ဟင်  ခေါက်ခေါက် ခေါက်ဆွဲပြုတ်"

မြန်မာလိုထွက်မိသွားသော ခေါက်ဆွဲ့ပြုတ်ကို နားမလည်သော်လည်း Jb

သူ့ကိုကြာကြာမကိုင်ထား မေသွေးလက်ကို ချက်ချင်းဆိုသလို

တံခါးရွက်ကိုပေးကိုင်လိုက်စေပြီး သူအကျီကို ခပ်တည်တည်နဲ့ဖုန်ခါရင်း

ထိုင်ခုံမှာသွားထိုင်နေလိုက်သည်

မေသွေးကျေးဇူးတင်စကားလည်းမပြောရဲတော့ဘဲ ထော့နဲ့ထော်နဲ့ဖြင့်သာ ဆေးစည်းဖို့ထွက်လာခဲ့လေသည်

အခန်း၇ #ကမ်းလင့်လက်ကလေးတဖက်ဖြင့်
________________________________________

တနေကုန်အလုပ်လုပ်လို့အဆင်မပြေရတဲ့အထဲ ဆူးငယ်တယောက်လည်း ခုထိပြန်မလာ
ဖုန်းလည်းဆက်လို့ရမည်မဟုတ်

ည၇နာရီရောက်နေပြီဖြစ်သော်လည်း ကျွန်မသာပြန်ရတော့မည် ဆူးငယ်ပေါ်မလာခဲ့

သူပြန်မလာရင် အိမ်ပြန်လို့မရဘူးဆိုတာ ကျွန်မသိသည် အရင်ဆုံးကားစီးဖို့ကိုပင် ခက်ခဲပေတော့မည်

JYPE အရှေ့ကနေ မနက်ကပြေးခဲ့တဲ့လမ်းလေးတော့မှတ်မိပါတယ်ထော့နဲ့ထော့နဲ့်
လမ်းလျှောက်ရင်း ဘက်စ်ကားမှတ်တိုင် လေးဆီ မေသွေးရောက်လာခဲ့သည်

မျော်လင့်ချက်မဲ့စွာထိုင်ရင်း ဆူးငယ်ရဲ့ဖုန်းကိုသာမျော်နေမိသည်

၈နာရီထိုးပြီ ချမ်းလာပြန်ပြီလေ ဗိုက်လည်းဆာလာပြီ မထူးဘူးဟာဆိုပြီး မေသွေး JYPE ကိုပြန်လှည့်လာလိုက်သည် ကားမှတ်တိုင်မှာ နေတာထက်စာရင် ဒီမှာစောင့်တာအဆင်ပြေတယ်လို့တွေးရင်း

ကားပါကင်လေးရဲ့ တနေရာမှာ ချမ်းကလည်းချမ်း ဆာကလည်းဆာနဲ့ ပင်ပန်းထားခဲ့သမျှ စုပြီး ငုတ်တုပ်ငိုက်လေသည်......

"တီတီ "

ကားဟွန်းသံကြောင့် လန့်နိုးသွားသောမေသွေး မျက်လုံးဖွင့်ကြည့်တော့ ကားမီးဖြင့်ထိုးထားလေသည်

ကမ်းလင့်​လက်​က​လေးတဖက်​ Where stories live. Discover now