Unicode
စားပွဲထက်ရှိ စာအုပ်တွေအား လှန်လှောကာ
မပြီးသေးတဲ့ အိမ်စာတွေအား သူမလုပ်နေရသည်။အိမ်စာဆိုတာ အိမ်မှာလုပ်ရမှာ ဖြစ်သော်ငြား
သူမအတွက်တော့ ဆရာမပေးတဲ့ အိမ်စာတိုင်းက
ကျောင်းမှာ လုပ်ရတာချည်းပင်။အိမ်မှာစာလုပ်ဖို့နေနေသာသာ ထမင်းတောင် မျက်ရည်မကျပဲ စားရတဲ့နေဟူ၍မရှိ။
ဘယ်လိုပင်ဆိုးရွားလိုက်တဲ့ ဘဝကြီးပါလိမ့်?
သူမမှာ အပေါင်းအသင်းဟူ၍ Suတစ်ယောက်သာရှိသည်ဟု ပြောရမည်။
Suတောင်မှ ငယ်ပေါင်းမို့လို့ သူမခင်မင်ဖြစ်ခြင်းပင်။
သူမဘဝကို ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ
သူမမသိစေချင်ဘူး။တနေကုန်ကျောင်းတတ် ပြန်လာလို့များ သူများတွေလို လွယ်အိတ်လေးချပြီး ထမင်းပန်ကန်အရှေ့ရောက်
အေးအေးလူလူ ခြေပစ်လက်ပစ်အိပ် အဲ့လိုမျိူ.းတစ်ခါမှ မနေခဲ့ရဘူး။ဖအေလား ပထွေးလားလိူ့တောင် မေးယူလို့ရတဲ့
သူမအဖေကြောင့် ရပ်ကွက်ထဲမှာလည်း အရှက်ကွဲရပေါင်းမနည်း။ကိုကို့ကိုတော့ သနားမိပါရဲ့။
သူမကျောင်းတတ်ဖို့ တိုင်းတစ်ပါးမြေမှာ အလုပ်တွေကြိုးစားလုပ်နေတဲ့ သူမရဲ့ကိုကို။
တလောကလုံးမှာ ပြေးကြည့်မှ သူမရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးတဲ့သူဆိုလို့ ကိုကိုတစ်ယောက်သာ ရှိသည်။
သတိရတယ်...ကိုကိုရယ်။
ညီမလေးဆီပြန်လာပြီး ဒီမှာမောင်နှမနှစ်ယောက် အတူတူရုန်းကန်ကြမယ်လို့ ပြောတိုင်း က်ိုကိုငြင်းဆန်တတ်တာ ထုံးစံတစ်ခုလိုဖြစ်နေပြီ။
ကိုကို့ညီမလေးအတွက် ကိုကိုရုန်းကန်နေတာလို့
ကိုက်ိုပြောတိုင်း သူမရှိုက်ကြီးတငင် ငိုကျွေးမိတယ်။ဖေဖေသာ ကိုကို့လိုအတွေးမျိူ.း တွေးမိခဲ့ရင် ကိုကိုရောသူမပါ ဒီလိုဘဝမျိူ.းနဲ့ရှ်ိနေမှာ မဟုတ်ဘူး။
သူမတိူ့ကို စောစောစီးစီး စွန့်ခွာသွားတဲ့ မေမေ့ကိုပဲအပြစ်တင်ရမလား?
YOU ARE READING
Non-FictionType=Normal Character=HunHan SeLu