#Unicode
တိတ်ဆိတ်တဲ့ ညအမှောင်အောက်မှာ ရပ်ကာစောင့်နေတဲ့ ကောင်လေး။Hoodieပန်းနုရောင်လေးအား ခေါင်းစွပ်ကာ အိပ်ကပ်ထဲ လက်ကလေးနှစ်ဖက်ထိုးထည့်ပြီး ခြံထဲကသူမထွက်လာခဲ့သည့်တိုင် ဖိနပ်ထိပ်နှင့် ခဲလုံးကို ကန်ကြောက်ကာ ရပ်တန့်နေတဲ့သူ။
soo - ပြောစရာရှိတယ်ဆို ဘာပြောမှာလဲ ပြော!
ဘုဆက်ဆက် သူမရဲ့စကားသံအဆုံး ဘာစကားတစ်ခွန်းမှမဆိုပါပဲ သူမမျက်နှာကိုသာ ငေးစိုက်ကြည့်နေတဲ့ သူ့အကြည့်တွေက ရီဝေဝေ။
soo - ဟဲ့ ငါပြောနေတယ်လေ
လက်မောင်းအားထုနှက်ကာ သူမမေးပြန်တော့လည်း တစ်ခွန်းမှပြန်မဖြေ။
ဘာလဲဟ!
Kim Jong Inရူးများသွားတာလား?
soo - Jongin
ဘာစကားတစ်ခွန်းမှမဆိုပါပဲ သူမလည်ဂုတ်မှ သိုင်းကာ ဖက်တွယ်လိုက်တာမို့ ဘာပြောရမှန်းတောင်မသိ။
ငြိမ်သက်စွာရပ်တန့်ရင်း သူ့ဆီက စကားသံကိုသာ စောင့်မျှော်နေလိုက်သည်။
နင်တစ်ခုခုတော့ ပြောမယ်မဟုတ်လားJongin!
အတန်ကြာ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်မှာ လေတိုးသံကလွဲပြီး ဘာမှမရှိ။
မှောင်မိုက်နေတဲ့ ညလေးရဲ့ လကွေးကွေးလေးကလည်း ခပ်ရေးရေးသာ။
soo - Jongin
kai - မောင်Sooမရှိပဲမနေနိုင်ဘူး
ခပ်တိုးတိုးဖွင့်ဟဝန်ခံမှုကြောင့် သူ့ပခုံးပေါ်မေးတင်ပြီး သူမပြုံးဖြစ်သည်။
ငါလည်းနင်မရှိပဲမနေနိုင်ပါဘူးJongin!
kai - Soo မောင်တောင်းပန်ပါတယ်
soo - မဟုတ်တာမောင်ရယ်! အမှန်ဆို Sooဘက်ကတောင်းပန်ရမှာပါ!
kai - Sooမောင့်ကိုစိတ်မကောက်နဲ့တော့နော်
soo - မောင်လည်းSooကို စိတ်မဆိုးပါနဲ့နော်
kai - ဒါဆို မောင်တို့ကြေပြီနော်
soo - အင်း
kai - လွမ်းနေခဲ့ရတာ ဒီပုလုံးလေးကို
YOU ARE READING
Non-FictionType=Normal Character=HunHan SeLu