💏၂၃💏

760 83 9
                                    

Unicode

နေ့ခင်းနေ့လည် ရာသီဥတုက သာယာတာမို့ လေကောင်းလေသန့်ရှူကာ လမ်းလျှောက်ထွက်ဖြစ်သည် ။

" မောင် "

ကျွန်မလှမ်းခေါ်တော့ မောင်လှည့်ကြည့်သည် ။

" ဒီလတွေမှာ ကျွန်မမမေးခဲ့ပေမယ့် မောင့်ကိုကျွန်မမေးစရာတွေ အများကြီးရှိတယ် "

" အင်း မေးလေ "

" မောင်ဒီနေရာကို ဘယ်တုန်းကရောက်ဖူးတာလဲ ၊ ပြီးတော့ မောင် ကျွန်မကိုတစ်ခုခုဖုံးကွယ်ထားတာမျိုး ရှိနေတာလား "

" Lu "

ကျွန်မလက်ကလေးတွေအား ဆုတ်ကိုင်ကာ နူးညံ့စွာကြည့်လာသည် ။

" ကိုယ် မင်းကို အချိန်တန်ရင် ပြောပြပါ့မယ် ၊ အခုအချိန်မှာ မင်းဗိုက်ထဲက ကလေးလေး ကောင်းကောင်းမွန်မွန် မွေးဖွားဖို့ပဲ မင်းတွေးပါ "

" ကျွန်မသိပါတယ် ၊ မောင် "

" အင်း "

" ဒီနေရာကဖုန်းလိုင်းမမိဘူးလား "

" မိပါတယ် ၊ ဘာဖြစ်လို့လဲ "

" မောင် ဖုန်းဆက်တာမတွေ့လို့ပါ "

" ကိုယ်ဖုန်းကို Seoulမှာထားခဲ့တာ Lu "

" ဒါဆို အန်တီတို့ဖုန်းဆက်လို့မရဘူးပေါ့ "

မောင်ခေါင်းညိတ်ပြသည် ။

" စိတ်ပူနေတော့မှာပဲ မောင်ရယ် "

" ကိုယ်နောက်မှ Public Phoneနဲ့ဆက်လိုက်မယ် "

မောင်က ထူးဆန်းတယ် ။

ဒီမြို့လေးရောက်မှ အပြုအမူတွေကအစ နူးညံ့လို့နေတယ် ။

                * ၇ လခန့်ကြာသော် *

မွေးခန်းရှေ့ ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ လက်နှစ်ဖက်ကိုတင်းတင်းဆုတ်၍ ပူပန်လို့နေရသည် ။

" Luhanအမျိုးသား "

လျင်မြန်စွာ လှည့်ကြည့်လိုက်တော့ သူနာပြုလေးတစ်ယောက်ထွက်လာသည် ။

" ရှင့်မိန်းမ မွေးပြီ သမီးလေး "

သမီးလေး ။

ပျော်ရွှင်မှုနဲ့အတူ တဆက်တည်းဝင်လာတာက ဝမ်းနည်းမှု ။

ဒီလိုပျော်ရွှင်နေရအောင် မင်းရဲ့ကလေးမို့လို့လား Shixun !!

အာဒံဖန်ဆင်းသော ဧဝချစ်ခြင်း💏{ အာဒံဖန်ဆင်းသော ဧဝချစ်ခြင်း💏 }Where stories live. Discover now