*15*

7.1K 577 17
                                    

♡♡♡🐶ကျွန်တော့်ရယ့် puppy baek♡♡♡

"အစ်ကိုလေးရယ် တော်ပါတော့ ဒီတိုင်းဆို အစ်ကိုလေး
အတွက် မကောင်းနိုင်ဘူး ပြီးတော့ Baekhyunလေးက
လည်း ဒီလိုပုံစံနဲ့ အစ်ကိုလေးကိုမြင်ချင်မှာမဟုတ်ဘူး...."

Mr.kimပြောသည့် စကားများကြောင့် Wineထည့်နေ
သော Chanyeolလက်များ ရပ်တန့်သွားသည်.....

၂ရက်ရှိပြီ.....ကျွန်တော့် ကလေးကျွန်တော့်ကိုထားသွားတာ
ဒီနေ့ဆို ၂ရက် ၄၈ နာရီတိတိ ရှိပြီ!

၄၈နာရီဆိုတယ့် အချိန်က ကျွန်တော့်အတွက်တော့ ကြာမြင့်
လွန်းလှသော နှစ်၁နှစ်ထပ်ပင်ပိုလို့နေသည်.....

ရင်ထဲ ၌ နာကျင်နေပြီး လစ်ဟာ မှုကိုခံစားနေရတာကလွဲ
ရင် ဘာဆိုဘာမှ ကျွန်တော် မသိတော့.....

အရက်....ဆိုတယ့် မူးယစ်ဆေးတွေကို မှီဝဲရင်း Company
ဆိုတာ ဘယ်စီမှန်း မသိ....ကျွန်တော့်ဖုန်းထဲ၌ ၁ပုံသာရှိသော
သူ့ပုံလေးကို ကြည်ရင်း မကုန်မခန်းနိုင်သော မျက်ရည်တွေကို
သာ အဖော်ပြုရင်းနေ နေခဲ့တာ ၂ရက်တိတ်ကြာမြင့်လေပြီ.....

ကလေးကတော့မသိ ......ကျွန်တော့်အတွက်ကတော့ ကလေး
မရှိတော့ဘူး ဆိုတယ့်အသိ မွန်းကြပ်ပြီး ရင်ထဲ၌ နာကျင်ရသည်

အချိန်တိုင်း စက္ကန့်တိုင်း မိနစ်တိုင်း နာရီတိုင်း သူလေး
ရယ့် အသံလေးများ ကိုကြားယောင်ရင်း
အပြုံးလေးများကို ပုံဖော်ရင်း သာ ၁ယောက်တည်း
စိတ်ကူးယဉ် ကမ္ဘာမှာ တည်ရှိနေမိသည်......

"Mr.kim...အေ့....ကျွန်တော့်...အေ့ ကလေးက
အေ့ ထားသွားပြီ....."

"သခင်လေးရယ် ...."

ဂရုဏာ သက်နေသောအသံဖြင့်ပြောနေသော Mr.kim
ရယ့် အသံကို ကျွန်တော်ပြန်လည်တုံ့ပြန်နိုင်စွမ်းမရှိ
ညဘက်မအိပ်ရသော အရှိန်တွေကြောင့်၎င်း Alcohal
အစွမ်းကြောင့်၎င်း ခေါင်းချာချာလည်ကာ စားပွဲပေါ်ကို
ခေါင်းငိုက်စိုက်ကျသွားလေသည်.............

"သခင်လေး....!!!"

ထို့နောက် အရာအားလုံး ငြိမ်သက်သွားရသည် ကျွန်တော့်ရယ့်
ပါးပြင်တလျောက်စီးဆင်းနေသည့် မျက်ရည်များမှ လွဲလို့ပေါ့......

ကျွန်တော့်ရယ့် Puppy BaekTempat cerita menjadi hidup. Temukan sekarang