Written by: Kim Tae_Nun
_______________________________
ကျောင်းဖွင့်တဲ့ ရက်တွေက ငရဲကျသလို။
သကောင့်သား မျက်နှာကို မြင်ရသည်က
အရှင်လတ်လတ် မီးရှ်ို့ခံရသည့်အလား။
ခြေလှမ်းများက တက်ကြွနေသော်လည်း
စိတ်ထဲမှာ ခဲဆွဲထားရသည်လားမသိ။
ကျောင်းစဖွင့်ရက်မှာ အရာရာက အဆင်ပြေလောက်ပါသည်ဟု ထင်မိသည်။
ဒီအတွေးက သက်သက်စင်အောင် လွဲပါရောလား။"Hello!!! Kim Tae Hyung"
ကျောင်းထဲဝင်ဝင်ချင်း နှုတ်ဆက်သံက
ထို ငှက်ဆိုးကောင်အသံ။
ကြည့်မရသည်မှာလည်း သူ့အပြင်မရှိ။
ထိုအကောင် ရုပ်က မျက်နှာမြင်ရိုက်ချင်ပါစေ
ဟူသော ဆုနှင့် မတောင်းဘဲပြည့်သည်။
ဒါကို မျက်စိမမြင်တဲ့ ကောင်မလေးတွေက
သဲသဲလှုပ် ကြွေကြခိုက်ကြ တယ်တဲ့။
အရပ်ကမိုးထိုး သွားကကြီးကြီး နှာခေါင်းပွပွ
ထိုသို့သော သရုပ်ပျက် မျက်ခွက်ကို
ဘယ်နားကြည့်ကြိုက်လဲ မသိ။"အလို!!!လန့်တာ မသာကောင်ရယ် အဲ့အသံဆိုးကြီးနဲ့ အော်ရလား"
ပျစ်ပျစ်နှစ်နှစ် ပြောဆိုပြီး တကာလ
ယုန်ပေါက် ထံမှ အဆဲသံစဉ်များ ထွက်လာတော့သည်။"သေလေ......မင်းသာ မနာလိုနေတာ
ငါ့အသံက ကြားတဲ့သူတိုင်း စွဲသွားတာ....အဟက်"ငှက်ဆိုးချိုချဉ်စားပြီး ချွဲကျပ် နေတဲ့အသံကို
သာယာလှပါပြီတဲ့။ ရယ်ရင်တောင် မကုန်နိုင်။"ဟား...ဟား..ဘာ ကြားတဲ့သူတိုင်း စွဲသွားမှာ
အဲ့မှာ သတ်သေလိုက် အကောင်ရ"လျှာတန်းလန်းထုတ်ပြီး မျက်နှာပြောင်ပြနေသော သူ့မျက်နှာကြီးကို ပစ်ထိုးလိုက်ချင်သည်။
ကျောင်းစတက်တဲ့နေ့မို့ ပြသနာမဖြစ်ချင်၍
အေးဆေးသာ နေလိုက်သည်။
နောက်နေ့များဆိုရင်တော့.......😏။
မျက်နှာတစ်ချက်တောင် လှည့်မကြည့်ဘဲ
အတန်းဘက်သို့သာ လာခဲ့လိုက်သည်။
အနောက်မှာ ဖြစ်ချင်သလိုဖြစ်နေပါလေ့စေ။
YOU ARE READING
Never Ever {♥Completed♥}
FanfictionJeon Jungkook Kim Taehyung Vkook Be enjoy with my yaoi fic Co-author- KimTae_Nun