Written by: CandyBangtan
_______________________________
လက်ထဲက ပိုက်ဆံအကြွေလေးကို ကြည့်ရင်း ငိုချင်လာသလို။ မနေ့က မျောက်လောင်းကို နိုင်ချင်တာနဲ့ ရောက်ဖူးဖို့မပြောနဲ့ အလုံးလားအပြားလားတောင် မသိတဲ့ ကာစီနိုကို ခေါ်သွားလိုက်တာ မွဲကိန်းအကြီးအကျယ် စိုက်ခဲ့တယ်လေ။ tripအတွက် ပေးရမယ့်ပိုက်ဆံတွေ တစ်ပြားတစ်ချက်တောင် မကျန်ဘူး။ အိမ်က မားသားကြီးကို ပြန်တောင်းဖို့ကလည်း ကမ္ဘာပဲ နှစ်ခြမ်းကွဲရင်ကွဲမယ် ပိုက်ဆံကတော့ ကော်ထုတ်တောင် ထွက်လာမှာ မဟုတ်။
"ဟူး..........."
သက်ပြင်းအရှည်ကြီးချရင်း ကျောင်းထဲဝင်လာသည့် ကျတော့်ခြေလှမ်းတွေကို လိပ်က အဘခေါ်သွားလိမ့်မည်။
"မုန့်ဝယ်ကျွေးမယ်ဆိုပဲ ချမ်းသာနေတယ်ပေါ့"
"မဟုတ်ပါဘူး ငါ အချိန်ပိုင်း အလုပ်လုပ်နေတာလေ"
အချိန်ပိုင်းအလုပ်။ ဘေးနားက ဖြတ်သွားသည့် ကောင်မလေးနှစ်ယောက်ကြောင့် အကြံတစ်ခု ရလိုက်သည်။ ပိုက်ဆံရှာရမယ်။ အိမ်ကအမေက ဘယ်နားဖွက်ထားလဲ မသိတော့ ကိုယ့်အစွမ်းနဲ့ ကိုယ် ရှာရတော့မှာပေါ့။
အတန်းထဲဝင်လာတော့ အပေါက်ဝမှာတင် ကောင်မလေးတစ်ယောက်က စာတစ်စောင်နဲ့ ပန်းတစ်ပွင့် အင့်ကနဲ ထိုးပေးသည်။
"Oppa...Saranghae"
ရှေ့ကကောင်မလေးက ဘယ်သူလားမသိခင် ကျတော့်အကြည့်က နောက်ဆုံးတန်းရဲ့ ရှေ့ခုံက ကောင်လေးဆီ။ စူးစူးရဲရဲ ၀ါးမတတ် စားမတတ် စိုက်ကြည့်နေသည့် မျောက်လောင်း အချစ်ဆုံးကြီး။ ကျတော့်ကိုတော့ မဟုတ်။ ကျတော့်ရှေ့က ကောင်မလေးကို။ မနာလိုနေသည့် မျောက်လောင်းကြောင့် ကောင်မလေးဆီက စာနဲ့ပန်းကို တမင်ယူလိုက်သည်။ ခပ်သန့်သန့်လျှောက်လာရင်း သူရှေ့ရောက်တော့ winkတစ်ချက်ပေးကာ စာအိတ်လေးနှင့် ယပ်ခပ်ပြလိုက်သည်။ ထိုအခါဒေါသမကင်းသည့် အကြည့်ရဲရဲတစ်ချက် ကျတော့်ကိုပေးရင်း ရှေ့ကခုံကို ကန်ကာ ထွက်သွားသည်။ နဂိုဆို အဲ့လိုမလုပ်တတ်တဲ့ သူ့ကြောင့် ဇဝေဇ၀ါ ဖြစ်ရတာတော့ အမှန်။ အော် မျောက်ရယ် မနာလိုတာလားကွာ။ မနာလိုတာဆို ဘာကိုလဲ? အား...မသိတော့ဘူး။ ငှက်ပျောခွံအစွမ်းနဲ့ လူလည်း ရူးတူးတူး ဖြစ်နေပြီ။
YOU ARE READING
Never Ever {♥Completed♥}
FanficJeon Jungkook Kim Taehyung Vkook Be enjoy with my yaoi fic Co-author- KimTae_Nun