Written by: CandyBangtan
_______________________________
ဘယ်တစ်ဖက် ညာတစ်ဖက် ဂျိုင်းကြားက ဘီးနှစ်လုံးကြောင့် အများရဲ့ အာရုံစိုက်ခြင်းကို ကျတော်ဟာ အပြည့်အ၀ ရရှိထားသည်။ ဂွိစိဂွစ ဝေဖန်သံတွေကို ဥပက္ခာပြုရင်း ကြိတ်ပျော်နေမိသည်။ ပျော်ဆို သယ်လာတဲ့ ဘီးနှစ်လုံးက မနေ့က ဖြုတ်ပစ်ခဲ့တဲ့ အချစ်တော်ကြီးရဲ့ စက်ဘီးက အလုံးနှစ်လုံးကိုး။ ဘီးဖောက်တာလောက်ကတော့ ပျင်းတာပေါ့ကွာ။ Jeon Jung Kookတို့ အိပ်နေသလောက်ပဲ ရှိတယ်...ဟက်ဟက်။
အခန်းထဲရောက်တော့လည်း ဘီးနှစ်လုံး အရှိန်အ၀ါဖြင့် ကျတော်ဟာ တောက်ပနေပြန်သည်။ တစ်တန်းလုံးရဲ့ အကြည့်များသည် ကျတော့်ထံ၌ အစုလိုက်အပြုံလိုက်။ ခပ်တိုးတိုး ထင်မြင်ချက် ပေးသည်ကလည်း စုံလို့။ ကျတော့်ကို တဖြုတ်ဖြုတ်ကြွေပါသည်ဆိုတဲ့ ကောင်မလေးများပင် ပြူးပြဲကာ ကြည့်နေကြသည်။
'ဟယ် oppa ယူလာတာ ဘာရီးလဲ'
'ဘီးတွေလေ'
'သိတယ် oppa ရူးများသွားပြီလားဟယ်'
'လွတ်သွားတာလား မသိဘူး နှမြောစရာရီး'
ငှယ် ပိတ်ရိုက်လိုက်လို့။ လူကိုများ လွတ်သွားပြီလေး ဘာလေးနဲ့။ ဒီတစ်ခါ စာလာပေးကြည့် ရိုက်လွတ်မှာ။ အဟက်... ကြုံတုန်းလေးကြွားတာ....ကျတော်က မျောက်လောင်းထက် ဆော်ပိုကြည်တယ်။ မျောက်လောင်းဆိုမှ သူ မရောက်သေးတာ အတော်ပဲ။ ဘီးနှစ်လုံးကို သူ့စားပွဲထက် ကျကျနန တင်ပေးထားလိုက်သည်။ ဘီးလုံးတွေ မြင်ရင် ဖြစ်သွားမဲ့ မျက်နှာကြီး အရသာခံ ထိုင်ကြည့်အုံးမှ။
Ting...Ting.....
ကျောင်းတက်ခေါင်းလောင်းတီိးမှ ကမန်းကတမ်း အခန်းထဲပြေးဝင်လာသည့် မျောက်လောင်း Kim Taehyung သူ့စားပွဲပေါ်က ဘီးလုံးတွေလည်းမြင်ရော မဲ့သွားတာ အီးမှန်ထားသလိုပဲ။
"Yah....Jeon Jung Kook!!!'
'ဟင်....ဘာဖြစ်လို့လဲ Taehyung'
ဝါးမတတ်စားမတတ် မျက်မှောင်ကျုတ်ပြီး ကျတော့်ကိုကြည့်နေသည်။ ရယ်ချင်စရာရုပ်ကြီး။
'ဒါ....မင်းလုပ်တာမလား?'
YOU ARE READING
Never Ever {♥Completed♥}
FanfictionJeon Jungkook Kim Taehyung Vkook Be enjoy with my yaoi fic Co-author- KimTae_Nun