Written by: Kim Tae_Nun
______________________________
မနေ့ညက ရင်တလှပ်လှပ်နဲ့ အိပ်လိုက်ရတာ။
ကျွန်တော်ဆိုတာမျိုးကလည်း အနမ်းခံလူတန်းစားလား ဟင်။
သူနဲ့တွေ့တိုင်း အနမ်းပဲ ခံနေရတယ်။
နောက်တစ်ခါ ဆိုရင်တော့ Tae Hyung တို့
အရင်နမ်းပြမယ်။ အဲလေ....ဘာတွေ တွေးနေတာလဲ။ နောက်တစ်ခါ နမ်းဖို့ဆိုတာ လုံးဝ လုံးဝ မဖြစ်နိုင်ဘူး။
အဲ့လိုတွေ တွေးမိတိုင်း ဒီရင်ကြီးက အဆမတန်
ခုန်ခုန်လာတယ်။ ပြုတ်ထွက်တော့မှာပဲ ငြိမ်ငြိမ်နေ။အတန်းထဲ ၀င်ဝင်ချင်းကတည်းက မျက်စိဆံပင်မွေးစူးတယ်။
ဟိုအကောင် အရှည်ကောင် အခုကျတော့လည်း
မနေ့ညက ဘာမှမဖြစ်ခဲ့တဲ့ အတိုင်းပဲ။
ကြည့်စမ်းပါအုံး ကောင်မလေးတွေနဲ့ ပလူးပလဲ
ဖလူးပြီး ယွထနေတာ။ မသာကောင် သေချင်းဆိုး။
ကြည့်လို့ မရတော့ဘူး။ ဖြစ်ချင်ရာဖြစ် လုပ်ပစ်မယ်။"Yah!!! ငါ့ထိုင်မယ့် နေရာလေးလည်း ဖယ်ပေးကြအုံး တကယ်ပဲ ဘယ်လိုဟာတွေမှန်း မသိဘူး"
ဆောင့်ကြီးအောင့်ကြီးနဲ့ လွယ်အိတ်ကို ပစ်ချပြီး
ပြောလိုက်တော့ စပ်စလူးစိန် မမတွေ လန့်ဖြန့်ကုန်ပြီး သူ့နေရာသူ ထွက်သွားကြသည်။
အရှည်ကောင် တစ်ယောက်တော့ နဂါးမျက်စောင်းကြီးနဲ့။
မနေ့က သူ မဟုတ်တဲ့ အတိုင်းပဲ ငလူးလေး။
မဟုတ်လည်းကောင်းတာပဲလေ အဲ့ဒါကို ဘာဖြစ်နေတာလဲ။ မနေ့ကလို ဖြစ်စေချင်တာလား။ မသိဘူး မသိဘူး ဖြစ်ချင်ရာဖြစ်။"Tae Hyung!"
"ဘာလဲ"
ဘုဆက်ဆက်နဲ့ ကျွန်တော့်စကားကြောင့် သူက ကြောင်ငမ်းငမ်းကြည့်နေပြီး.....
"ဒီနေ့ အလုပ်သွားမှာလား"
"သွားမှာပေါ့ မသွားတော့ ငါက ဘာလုပ်ရမှာလဲ"
အဲ့အကောင်ကို ဘာတွေ စိတ်ဆိုးနေမိမှန်း မသိ။
သူ့ကိုလေ ကောင်မလေးတွေနဲ့ တပူးပူး တတွဲတွဲ နေတာကို မကြိုက်တာ။ အဲ့အကောင်က ယွတယ်ဆိုတာကို သိရဲ့သားနဲ့။
ဘာလို့လဲ သူဟာသူ ဘယ်လိုနေနေပေါ့။
မသိဘူးဗျာ အဲ့လိုနေရင်တော့ ၀င်ပြောမှာပဲ။
YOU ARE READING
Never Ever {♥Completed♥}
FanfictionJeon Jungkook Kim Taehyung Vkook Be enjoy with my yaoi fic Co-author- KimTae_Nun