တောင်ကုန်းလေးပေါ်မှာ တည်ထားတဲ့ ဘုရားကျောင်းလေးမှာ ကျေးငှက်သာရကာတွေရဲ့ တေးသီသံ ဘုန်းတော်ကြီးတွေရဲ့ ဆုတောင်းမေတ္တာပို့သသံက လွဲလို့ ဘာဆိုဘာမှ မကြားရတော့ ကျွန်တော် စိတ်ထဲ အတော်အေးချမ်းသွားတာတော့ အမှန်ပင်…အာရုံလွင့်မည်စိုး၍ စိတ်ကို သေချာစုစည်းကာ ကျွန်တော် ဝတ်ပြု ဆုတောင်းနေမိသည်…ဘယ်သူ့အတွက် ဆုတောင်းသည်ဆိုတာက မေးစရာပင် မလို Yoochun အတွက်ပဲပေါ့…Yoochun ဆီက စာလေးတစ်စောင်တလေမှ မရသလို ခရီးထွက်သွားတာလည်း ကြာပြီ ဖြစ်တာကြောင့် ကျွန်တော် စိတ်ပူတာ အတန်ကြာနေခဲ့ပါပြီ…ဒါကြောင့် သူလည်း အန္တရာယ်ကင်းအောင် ကျွန်တော် ကိုယ်တိုင်လည်း စိတ်ကြည်လင်သွားအောင် ဘုရားကျောင်းဘက် ရောက်လာခဲ့ခြင်း ဖြစ်သည်…ဝတ်ပြုအပြီး ကျွန်တော် ဘုရားကျောင်းအပြင်ဘက် ထွက်လာတော့ လတ်ဆတ်တဲ့ လေပြည်လေညင်းလေး တိုက်ခတ်နေတာကို ခံစားလိုက်ရပြီး အေးချမ်းသွားသလို ခံစားလိုက်ရသည်…မြေပြန့်မှာ မဟုတ်ပဲ တောင်ကုန်းပေါ် ရောက်နေတော့ လေက ပိုအေးပြီး လတ်ဆတ်နေသယောင်ယောင်… ထိုအချိန်မှာပဲ သန်မာတဲ့ လက်တစုံက ကျွန်တော့်နောက်ကနေ ကျွန်တော့်မျက်စိအစုံကို ဖုံးအုပ်လာသည်…
''မပြေးနဲ့ မိပြီ''
ရုတ်တရက်ဆိုတော့ ကျွန်တော် ထိတ်လန့်သွားပြီး ထွက်ပြေးရင် ကောင်းမလား တွေးမိပေမယ့် ရင်းနှီးလှတဲ့ အသံကြောင့် ကျွန်တော် အသံပိုင်ရှင်ကိုပါ ကောင်းကောင်း မှတ်မိသွားသည်…
''ငါဘယ်သူလဲ သိလား''
''သိတယ် လမ်းမီးတိုင်ရဲ့''
''ညှက်စိက ဒါမျိုးကျ တော်သားပဲ''
''ဘာ!!!!!""
ထိုလမ်းမီးတိုင်ဆိုသူက ဖြတ်ခနဲ သူ့လက်တွေ ပြန်ရုတ်ပြီး ကတိုက်ကရိုက် ထွက်ပြေးသွားတော့ ကျွန်တော်လည်း တုံ့ဆိုင်းမနေပဲ အနောက်က အမြန်လိုက်ရတော့သည်…
''ညှက်စိရေ ငါဒီဘက်မှာလေ''
''ဒီကောင်ကတော့…''
ဘုရားကျောင်းဝန်းထဲက ရှိသမျှ ချောင်ကျို ချောင်ကြား သစ်ပင်ကြားထဲတွေ ကွေ့ပြတ်ပြေးနေတာ ကြာတော့ ကျွန်တော် သူ့နောက် မလိုက်နိုင်တော့ပဲ မြက်ခင်းပြင်ပေါ်မှာ ခြေပစ်လက်ပစ် ထိုင်မိတော့သည်…

YOU ARE READING
စတော်ဘယ်ရီချစ်သည်းရှင်
FanfictionYunJae Jaechun Another historical fanfic of my royal OTP (with a little fluff of cox) xD