Jung Yunho

1.2K 141 9
                                    

Jaejoong စဉ်းစားရင်း အကြပ်ရိုက်လာသည်…

အိမ်တော်ထိန်းပေးတဲ့ အကြံဥာဏ်က ကောင်းမွန်တာမှန်ပေမယ့် သူကောက်ရိုးပုံထဲ အပ်ပျောက်ရှာသလို ဖြစ်မနေဘူးလား…

သူ ထိုစစ်သည်တော်ဟောင်းကို ဘယ်မှာ သွားရှာရပါ့မလဲ…

အိမ်တော်ထိန်းပြောသည်က ယခင်ဘုရင့်စစ်သူကြီးဟောင်း တစ်ဦးက နယ်စွန်နယ်ဖျားမှာ နေထိုင်သည်…ထိုသူ့ကို သွားတွေ့ပြီး အခကြေးငွေပေးကာ Yoochun ကို ကယ်ထုတ်ခိုင်းလျှင် ရနိုင်သည်တဲ့…ဒါပေမဲ့ အိမ်တော်ထိန်းကိုယ်တိုင်လည်း သူနေသည့် နေရာကို အတိအကျမသိ…နယ်စွန်နယ်ဖျားဆိုသည့် သဲလွန်စလေးတစ်ခုတည်းနဲ့ Jaejoong ထိုသူကို ရှာမတွေ့ဖို့ကလည်း ၉၉ ရာခိုင်နှုန်း သေချာနေသည်…ဒါပေမဲ့လည်း သူ့ချစ်သူအတွက် Jaejoong ရှာတွေ့နိုင်သည့် ၁ ရာခိုင်နှုန်းလေးကိုသာ အားကိုးကာ ခရီးထွက်မည်ဟု ဆုံးဖြတ်လိုက်သည်…ဒါကြောင့် အလုပ်သမားတွေကို ခရီးထွက်လျှင် လိုအပ်မည့် မြင်းကအစ ပစ္စည်းတွေ အကုန် အားချင်းပြင်ဆင်ခိုင်းပြီး သူကိုယ်တိုင်လည်း ဥယျာဉ်ထဲမှာ မြေပုံကြည့်ရင်း လမ်းကြောင်းရှာဖွေနေစဉ်မှာပဲ အိမ်တော်ထိန်းက အနားရောက်လာသည်…

''သခင်လေး…သခင်လေးကို တွေ့ချင်လို့ဆိုပြီး လူတစ်ယောက် ရောက်နေပါတယ်''

''ဟမ်…ဘယ်သူလဲ''
ဘယ်သူနဲ့မှ ချိန်းထားတာမရှိသလို သူခရီးထွက်မည့်အကြောင်း အိမ်တော်က လူတွေက လွဲပြီး ဘယ်သူမှ မသိတာကို ဘယ်သူရောက်လာတာပါလိမ့်ဆိုတဲ့ အတွေးနဲ့ သူအံ့အားသင့်သွားသည်…

''စစ်သူကြီး Yoochun ရဲ့ တပ်က တပ်သားလေး တစ်ယောက်လို့ ပြောတယ်''

''ဟုတ်လား ဒါဆို ပေးဝင်လိုက်ပါ''

ခဏနေတော့ မျက်နှာနုနု မျက်လုံးဝိုင်းဝိုင်းနဲ့ ကောင်လေးတစ်ယောက်က Jaejoong ရှေ့ကို ရောက်လာသည်…ပင်ပန်းကြမ်းတမ်းတဲ့ စစ်မှုထမ်းနေရတာတောင် ထိုကောင်လေးရဲ့ အသွင်အပြင်က နူးညံ့ပြီး ကလေးဆန်သော မျက်နှာပေါက်လေးနဲ့ ဖြစ်နေတာ သူဌေးသားသာဖြစ်လျှင် ဒီထက်ပို ချောမောလှပလေမလားဟု Jaejoong တွေးမိသည်…ထိုတပ်သားလေးကို Jaejoong သူ့ရှေ့က ထိုင်ခုံတစ်ခုမှာ ထိုင်ဖို့ ညွှန်ပြလိုက်သည်…

စတော်ဘယ်ရီချစ်သည်းရှင်Where stories live. Discover now