ကိုယ့်ရဲ့ နတ်ဘုရားဟာ... ဝဋ်ကြွေးတွေကို
လှလှပပကလေး ဖန်ဆင်းခဲ့တာပဲ...။
ကျိန်စာတွေဟာ.... ချစ်စရာပဲ...။ ကော်ဖီပူပူတစ်ခွက်လို
ကိုယ် မျိုချ သောက်သုံးပစ်လိုက်မိတယ်...။
အဲ့ဒီနှုတ်ခမ်းထူထူတွေက ပွင့်အံလာခဲ့တဲ့ သေမိန့်ထက်
ဘယ်ဂီတက ပိုအနုပညာဆန်နိုင်ဦးမလဲ...။
မင်းအမည်နာမနဲ့ငရဲမှာ... သံသရာအဆက်ဆက်
ကိုယ် ပျော်မွေ့ပြနိုင်ပါရဲ့...။