Jiyeonအိပ်ရာမှနိုးသည်နဲ့ တစ်စုံတစ်ခုကို သတိရကာ မျက်လုံးကအလိုအလျောက် ပွင့်လာပြီး လက်တစ်ဖက်မှလည်း သူမ လက်ကိုင်ဖုန်းထားရာကို လှမ်းလိုက်သည်....
Jiyeonတစ်ယောက် ဖုန်းကိုမကြည့်ရဲသေးပဲ လက်လေးနှစ်ဖက်နဲ့တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ကာ ရင်ဖက်ပေါ်မှာတင်ပြီး မျက်လုံးအစုံကိုတင်းတင်း မှိတ်ထားမိသည်.....
ရင်ဘတ်ထဲမှတဒုတ်ဒုတ်ခုန်သံကို ကြားနေရသည်...
ထိုအခိုက်တန့်လေးကိုမြတ်နိုးလို့ ရင်ခုန်မိနေလို့ ဖုန်းကိုဖွင့်မကြည့်သေးတာလား သူမကိုယ်တိုင် ကြည့်ဖို့မ၀ံ့ရဲတာလားဆိုတာ သူမကိုယ်တိုင်လည်းသေချာမသိ သိအောင်လည်းမကြိုးစားချင်....
သူမအခုဖြစ်နေတာက အောင်စာရင်းကိုလည်း ကြည့်ချင်ပြီး မကြည့်ရဲဖြစ်နေတဲ့ကလေးလို တကယ်ဆို အောင်စာရင်းထွက်တုန်းကတောင် ဒီလောက်တုန်တုန်ရီရီ မဖြစ်ဖူးးပါ.....
ဘာမှန်းမသိတဲ့ ဆုတောင်းတစ်ခုကို ခပ်တိုးတိုး ပြုမိသည်....
အရောင်မှိန်လှတဲ့မျှော်လင့်ချက်တစ်ခုကို ရင်မှာပိုက်ပြီး သူမဖုန်းscreenကို မရဲတရဲကြည့်မိသည်...
ဟက်....
နှုတ်ခမ်းနှစ်လွှာကြားက ခပ်ပျက်ပျက် ရယ်သံတစ်ချက် ....
ရယ်သံဆိုတာထက် ၀မ်းနည်းမှုတွေကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့ခြင်းပင်ဖြစ်ပေလိမ့်မည်....
ဝဲတက်လာတတ်မျက်ရည်တွေကို မကျအောင်မျက်တောင်တွေကို ခပ်မြန်၂ပုတ်ခက်လိုက်ရင်း တားဆီးနေပေမဲ့ မျက်ရည်စတို့က သူမရဲ့အားထုတ်မှုကိုမသိချင်ယောင်ဆောင်ကာ ပါးပြင်ပေါ်သို့ ခိုဆင်းလာကြလေသည်....
Ph screenကိုနောက်တစ်ခေါက်ကြည့်မိသည်
No miss call
No msg"Tdy is your 6th anni " ဆိုတဲ့ phone calendarကနေ ပေါ်လာတဲ့ notiလေးကတော့ သူမကိုလှောင်ပြောင်နေသလို.....
6နှစ်....ဟုတ်ပါတယ်၆နှစ်ပါ....
သူမနဲ့jungieရည်းစားသက်တမ်း၆နှစ်....
Jungie koreaမှာ မနေတာ၅နှစ်ရှိပြီ....
Jungie Koreaကနေ ထွက်သွားပြီး ပထနှစ်အစောပိုင်း ၂နှစ်တုန်းက သူမတို့anni dayတွေမှာ ပြန်လာခဲ့သည်.....