T h r e e

2.6K 236 22
                                    


Baekhyun's P.O.V

"ဒီပစ္စည်းတွေက Byun Baekhyunရဲ့ပစ္စည်းတွေလားမသိဘူး
Byun Baekhyun ssi မေ့မြောနေတုန်းက ဒီအိတ်လေးကို လွယ်ထားတယ်လေ

ကျနော့်ကိုကမ်းပေးတဲ့
ဘေးလွယ်အိတ်လေးကိုလှမ်းယူလိုက်ရင်း
"အထဲမှာ ဘာတွေမှန်းတော့မသိပေမဲ့ တစ်ချက်လောက် ပြန်စစ်ကြည့်ပါအုန်း"

ကျနော်လည်းထိုလူပြောတဲ့အတိုင်းပြန်စစ်ကြည့်ပြီးတော့"ဟုတ်ကဲ့ စုံပါတယ်ခင်မျ"

"ကျန်တဲ့ပစ္စည်းတွေကတော့ ပျက်စီးသွားပြီ ခင်မျ
ခင်များတို့ကိုဝင်တိုက်တဲ့ ကားမောင်းသမားက တော်တော်လေးမူးနေတာ
ကျနော်တို့တွေ အချိန်မီတွေ့လို့ပေါ့ တော်တော်ကံကောင်းသွားတယ်"

ထိုလူထွက်သွားတော့ အိတ်ထဲက ပစ္စည်းတွေ ထုတ်ကြည့်မိတယ်
ကျနော့်ပိုက်ဆံအိတ်
စာအုပ်လေး
ဟိုစာအုပ်
Sera ssiရဲ့စာအုပ်
ကျနော် စာအုပ်လေးကို လှန်လိုက်တယ်

*အဲ့ဒါက ကျနော့်ဘဝရဲ့ အကြီးမားဆုံးအမှားတစ်ခုသာဖြစ်ခဲ့မယ်ဆိုရင်*

နောက်ဆုံးစာမျက်နှာလေးကိုလှန်လို့အပြီး စာအုပ် အဖုံးလေးကို ပိတ်လိုက်သည်
ကျနော့်ရင်ထဲ လုံးဝမကောင်း
Seraရဲ့ ဒိုင်ယာရီ စာအုပ်လေးကို ဖတ်ပြီး
သူနဲ့  Yeolရဲ့အကြောင်းတွေ အလုံးစုံသိခဲ့ရသည်
Seraက မိဘမဲ့ မိန်းကလေးတစ်ယောက်
အရင်ကနယ်မှာနေတာ
မြို့ကိုတက်လာခဲ့တယ်
Yeolနဲ့ အမှတ်မထင်တွေ့ပြီးချစ်သူတွေ ဖြစ်ခဲ့ကြသည်
တူတူနေတဲ့ အဒေါ်တစ်ယောက်ကလွဲလို့ အားကိုးစရာမရှိ
Yeolတို့ ရဲ့ အသိုင်းအဝိုင်းကအရမ်းကြီးလွန်းတော့ သူမနဲ့ အဆင့်အတန်းများစွာ ကွာခြားလွန်းသည်လေ
Yeol ဘယ်လောက်ပဲကြင်နာတတ်တဲ့ သူပဲဖြစ်ဖြစ်
သူ့ဘဝထဲကို Seraကို ခေါ်မသွင်းရဲခဲ့ဲပါဘူး
အရမ်းကို ချုပ်ကိုင်တတ်တဲ့ အဖေတစ်ယောက်ရှိပြီး Seraနဲ့ကိစ္စကိုသာ သိသွားရင် ပြဿနာ အကြီးအကျယ်တက်မှာဖြစ်သလို
Seraကို သေချာပေါက် ဒုက္ခပေးမှာဖြစ်တယ်

ဒါကြောင့်သူတို့ဆက်ဆံရေးကို လူသိမခံခဲ့
Yeolကို ဆက်ခံသူအဖြစ်ရွေးကြသည်
ဆက်ခံသူဖြစ်ရတော့မယ်ဆိုတော့
Yeolအဖေက အတင်းပဲ တခြားလုပ်ငန်းစုက သမီးနဲ့ အိမ်ထောင်ချပေးဖို့ စီစဉ်နေကြသည်

မာယာမ်ားတဲ့ ပန္းကေလးWhere stories live. Discover now