S e v e n (M)

4.6K 294 24
                                    

Byun Baekhyunကို ရှယ်ယာနည်းနည်းခွဲပေးမယ်ဟုတ်လား?
မနေ့က သူတို့ လင်မယားနှစ်ယောက်ထမင်းစားပြီးတော့ အမေကသီးသန့်ပြောစရာစကားရှိတယ်ဆိုပြီး အခန်းထဲကို သပ်သပ်ခေါ်တွေ့ခဲ့သည်
မထင်မှတ်ပဲ သူမကြားလိုက်ရတဲ့စကားက
Baekhyunကိုကုမ္ပဏီရှယ်ယာအချို့ ခွဲပေးပြီးဒါရိုက်တာအဖွဲ့ထဲကိုဝင်စေမယ်တဲ့လေ...
အမေ ရူးများသွားသလား?
ဒီလို ပညာတစ်လုံးမှမတတ်တဲ့ ကောင်လေး မိဘမဲ့တစ်ကောင်ကြွက်ကိုများ ရှယ်ယာနည်းနည်းပေးပြီး companyထဲထည့်မယ်ဆိုတာ အတော့်ကို အဓိပ္ပာယ်မရှိတဲ့လုပ်ရပ်ကြီးဖြစ်သည်

တစ်ဆက်တည်း Baekhyunအပေါ်ကိုလည်းဒေါသကထောင်းခနဲထွက်သွားမိသည် လူလေးကြည့်တော့ မထုံတတ်တေး နုံသလို အသလိုနဲ့ လက်စသတ်တော့ အမေ့ကို အပိုင်ချည်ထားတဲ့ အကြံသမားလုံးလုံးဖြစ်နေတာကိုး...

"သားရယ် Wusik သေချာစဉ်းစားကြည့်ပါ ကလေးက သိပ်အားငယ်နေတယ်...Partyပွဲတွေမှာဆိုလည်း ရှေ့မထွက်ရဲ Yeolကိုယ်တိုင်ကလည်း သိပ်ပြီးရှေ့မထုတ်တော့ မျက်နှာလေးက ညှိုးငယ်နေရှာတာ...မနေ့က ငါ့ကို မေးတယ် သူ့ကြောင့်Yeolကသိမ်ငယ်နေရတာလားတဲ့ Yeolကလည်း လူအေးဆိုတော့ခက်တယ်

"ပညာမတတ်တာဘာဖြစ်လဲ နင်တောင် အထက်တန်းမှာနှစ်ခါတောင်ကျဖူးသေးတာပဲ သူ့အတွက် ရှယ်ယာနည်းနည်းဝယ်ပေးထားပြီး ကုမ္ပဏီမှာ နည်းနည်းပါးပါးသင်ပေးလိုက် ။ ရုံးပြင်ကမ်းနား ကိစ္စတွေနားလည်တော့လည်း ရှယ်ယာထည့်ထားတဲ့ ရှယ်ယာရှင်ပေါ့...ယဉ်ကျေးမှုစင်တာရဲ့ ဒါရိုက်တာဆိုလည်းမဆိုးပါဘူး... သူဘာမှလုပ်စရာမလိုဘူး ရာထူးလေးလက်ခံထားရုံပဲ လေ့လာသင်ယူချင်တယ်ဆို သူ့အပိုင်းပေါ့"

"ဟုတ်ကဲ့ အမေ"

"အေးပါဟယ် ကလေးက မျက်နှာငယ်နေလို့ပါ သူ့မှာနေရာတစ်ခုခုရှိတော့ Yeolကလည်း သူ့ကို မိတ်ဆက်ပေးရတာ
သိပ်အခက်မတွေ့တော့ဘူးပေါ့..."

"Misooသမီးရဲ့သဘောကရော..."

"သမီးကတော့ပြောစရာအထွေအထူးမရှိပါဘူး...အမေတို့သဘောပါ..."

Misooအပူရုပ်ကိုဟန်လုပ်နေရပေမဲ့ ရင်ထဲမှာတော့ တနုံ့နုံ့...လွန်ခဲ့တဲ့ နှစ်ပေါင်း 20ကျော်လောက်ကပေါ့...သိပ်ကိုမျှော်မှန်းချက် ရည်မှန်းချက်ကြီးပြီး ထက်မြက်တဲ့ သူမရဲ့ တက်လမ်းကိုရိုက်ချိုးပြီးပိတ်ပင်ဖျက်ဆီးခဲ့တဲ့သူတစ်ဦးရှိခဲ့သည်...
Companyမှာ အလုပ်လုပ်ဖို့ ဆန္ဒရှိနေခဲ့သလို ခင်ပွန်းကိုယ်တိုင်က လိုလိုလားလားနဲ့ ခွင့်ပြုခဲ့ကာမှ "ငါ့မြေးကို မရှိတော့တဲ့ သူ့အမေရဲ့ နေရာမှာ နင်ကအစားထိုးပြီးတာဝန်ယူရမယ်...ငါ့မြေး Yeolကို တစ်သက်လုံးစောင့်ရှောက်ပါ...နင်ငါ့သားနဲ့ရင်သွေးမမွေးရဘူး...ငါ့မြေးChanyeolကို နင့်သားလို တစ်သက်လုံးစောင့်ရှောက်ရမယ်...ဒါမှနင့်ကို Park အိမ်တော်မှာလက်ခံနိုင်မယ်..."ဆိုတဲ့ အမေ့ရဲ့ ရာဇသံအမိန့်ကြောင့် သူမ လက်လျှော့ပြီး Park အိမ်တော်ရဲ့ အိမ်ထောင်ရှင်မတစ်ဦးဖြစ်လာခဲ့သည် ...နဂိုကမှစိတ်ထက်သူပြီပြီ
သူမရဲ့တာဝန်ကို လစ်ဟငိးမှုတစ်ကွက်မရှိစေရပဲ
ဘဝတစ်ခုလုံးနဲ့ရင်း၍ Park Chanyeolကို သူမရဲ့သားအရင်းကဲ့သို့ ပြုစုစောင့်ရှောက်လာခဲ့ရသည်...
အချိန်အတိုင်းအတာတစ်ခုကြာမှ အမေ့ရဲ့ အမြင်ကြည်လင်မှုကိုကံကောင်းထောက်မစွာရရှိခဲ့သည်...

မာယာမ်ားတဲ့ ပန္းကေလးWhere stories live. Discover now